*2

622 30 2
                                    

[Unicode version]

အကိုနဲ့အတူ လိုက်လာခဲ့တာ အခုဆိုနှစ်ရက်မြှောက်နေပေါ့လေ။
အကိုက ဒီကိုခေါ်လာတဲ့တစ်လမ်းလုံးစကားစ‌မပြောတော့ ကိုယ်ကဘာလို့စပြောရမှာလဲ ဆိုတဲ့မာနသေးသေးလေးကြောင့် ပြောချင်နေတဲ့စကားများအား မြိုသိမ့်ထားလိုက်ခဲ့သည်။
အကို့ ဘက်စပြောခဲ့ရင်ဆိုပြီးတွေးထားဖူးတယ်။

ကို့ကို ဘယ်လောက်လွမ်းကြောင်း
ဘယ်လောက် သတိရကြောင်း
နှစ်နှစ်နီးပါးလုံးကို့ကို
သဘောကျနေခြင်းက ရပ်တန့်သွားကြောင်း
စကားတွေဖောင်ဖွဲ့ကာပြောပြလိုက်ချင်တယ်

###########

"ပိုင်ပိုင် ဒီမှာနေရတာအဆင်ပြေရဲ့လား"

အကိုက အပေါ်ထပ်လှေကားကနေ ဆင်းလာကာပြောတော့ ပိုင်ပိုင်က အလိုလိုခေါင်းကို
တဆက်ဆက်ငြိမ့်ပြလိုက်မိသည်။

"ဟုတ်ပါပြီ အဆင်ပြေတယ်ဆိုရင် နေ့ခင်းကျ သင်တန်းအပ်ဖို့ငါလိုက်ပို့ပေးမယ်"

"အင်း"

ထိုမှာစကားပြောခန်း တစ်ခန်းရပ်သွားပြန်သည်။

အကိုကလေ အရင်လိုမဟုတ်ဘူး
အရင်ကဆို စကားမရှိစကားရှာပြောတတ်သည့် အကိုက အခုတော့လိုရင်းတိုရှင်းတာပြောတော့သည်။

အရင်က "ကိုယ်" ဆိုပြီးသူ့ကိုသူသုံးနှုန်းတဲ့လူက အခုတော့  "ငါ"လို့သုံးနှုန်းပြနေသည်။

ဘာမဟုတ်တဲ့ အသုံးနှုန်းလေးပြောင်းသွားတာကို ကျုပ်ကရင်ထဲနာနေသလိုလိုနဲ့
ရူးပါဘိဗျာ…

#######

နေ့ခင်း ထမင်းစားချိန်၌

"ထမင်းမစားနဲ့ ငါနဲ့သင်တန်းအပ်သွားမယ်
ပြန်လာမှစားတော့"

"ဟုတ် ခနနော် အင်္ကျီသွားလဲလိုက်အုံးမယ်"

အကိုက စကားပြန်မလာပေမဲ့ ခေါင်းတော့ငြိမ့်ပြလေသည်။

နှစ်ယောက်အတူကားလေးမောင်းနှင်ကာ ထွက်လာတော့အနဲငယ်ကြာတော့ အိမ်ကြီးတစ်အိမ်ရှေ့၌ရပ်ကာသွားသည်။

တစ်ကြိမ်ထပ် ပို၍ [Complete] Where stories live. Discover now