အပိုင်း ၁၄

Start from the beginning
                                    

သမီးရဲ့ ဗိုက်လေးကို ပေးပွတ်မယ်လေ၊ မာမီ။ အဲ့ဒီ စိတ်ရှုပ်စရာအန်တီကို မကြည့်နဲ့တော့လေနော်၊ သမီးကိုပဲ ကြည့်! quq

သူမ၏ အကောင်းဆုံးလှည့်ကွက်သည်ကား သေချာပေါက်ကို သူမ၏ အကောင်းဆုံးလှည့်ကွက်ပင်ဖြစ်ချေသည်။ ယဲ့ချင်းပင် သည်းမခံနိုင်တော့ချေ။

ချစ်စရာကောင်းသည့် ကြောင်ဖြူလေးသည် သူမလေး၏ ပျော့ပျောင်းနူးညံ့သည့် ဝမ်းဗိုက်လေးကိုဖော်ပြလိုက်သည်လေ။ သူမလေးကို ထိကြည့်ဖို့ရန် မည်သူကများ ထိန်းချုပ်နိုင်ပါမည်လော။ မရနိုင်သည်မှာ သေချာပါ၏။

ယဲ့ချင်းသည် နောက်ဆုံးတွင် ကြောင်ဖြူလေးကို ကောက်ယူလိုက်ပြီး သူမ၏ဒရာမာကို ပိတ်လိုက်တော့သည်။

ဒီကပ်တွယ်နေတဲ့ အကောင်ပေါက်လေးကတော့!!

                                            •.•

နောက်နေ့မနက်ခင်းတွင် ကြောင်လေး၏ တက်နင်းမိမှုကြောင့် ယဲ့ချင်းတစ်ယောက် နိုးလာခဲ့သည်။ သူမသည် သူမ၏ ချိုမြိန်သော အိမ်မက်များအလယ်တွင် ရှိနေဆဲဖြစ်ပြီး ကုတင်ထဲတွင် လုံးဝသတိမထားမိဘဲ လဲလျောင်းနေခဲ့ခြင်းပင်။ သူမ၏မျက်နှာပေါ်တွင် အပြုံးလေးပင်ရှိသေး၏။

စောင်ထဲတွင် ပွေ့ဖက်ထားခံနေရသည့် မျန်ဟွာထန်လေးသည် ရေချိုးခန်းသို့ သွားရန် အမှန်တကယ် လိုအပ်နေသောကြောင့် သူမလေးသည် ယဲ့ချင်းအပေါ်မှ ခုန်ကျော်ရာတွင် အကြိမ်အနည်းငယ်လောက် ယဲ့ချင်းကို မတော်တဆ တက်နင်းမိသွားလေသည်။

ထိုခြေလှမ်းအနည်းငယ်သည် ယဲ့ချင်းအပေါ်သို့ နင်းမိခြင်းပင်။ ထိုစိတ်ဝင်စားစရာကောင်းသောခံစားချက်နှင့် နာကျင်မှုတို့ကြောင့် ယဲ့ချင်းသည် သူမ၏မျက်လုံးများကို ချက်ခြင်းဖွင့်လိုက်ပြီးနောက် သူမ လုံးဝနိုးသွားခဲ့သည်။ အို...သေစမ်း!

သူမသည် အနည်းငယ် အသက်ပြင်းပြင်းရှူလိုက်ပြီး မိနစ်အနည်းငယ်အကြာတွင် ပြန်လည်သက်သာလာခဲ့သည်။

ဟုတ်ပြီ၊ သူမတွင် အစစ်အမှန်ကြောင်များ ရှိရန် မရည်ရွယ်ပေ။ သူမတွင် "တိမ်ကြောင်"*တစ်ကောင် ရှိခြင်းက ပို၍ကောင်းသည်။

တစ်ခါတရံတွင် တချို့အရာတို့သည် အဝေးကသာ ကောင်းမွန်ပေသည်။ သူမသည် နေ့တိုင်း ထိုကဲ့သို့ အနင်းမခံရချင်ပေ သို့မဟုတ် ညတိုင်း သူမအပေါ် တစ်စုံတစ်ရာ တွယ်ကပ်နေတာမျိုး မလိုချင်ပေ။ ၎င်းသည် သူမ၏ သက်တမ်းကို တိုစေလိမ့်မည်ပင်။

မရဘူး၊ မရဘူး။ သူမ ထိုကဲ့သို့ အဖြစ်မခံနိုင်။

သူမ အိပ်မပျော်နိုင်တော့သဖြင့် ထကာ ပေါင်မုန့်နှစ်ချပ်ကို သူမအတွက် လုပ်လိုက်သည်။ ကြောင်လေးတစ်ကောင်အတွက် မည်သည့်အရာက အကောင်းဆုံးလဲဆိုသည်ကို သူမ မသိသလို အွန်လိုင်းမှာ ရှာကြည့်ဖို့လည်း အာရုံနောက်မခံတော့ပေ။

သူမသည် ကြောင်လေးအတွက် သူမသောက်သည့် နို့တစ်ခွက်ကို လောင်းချလိုက်ကာ ပျော့ပျောင်းသော ပေါင်မုန့်အနည်းငယ်ကို ဖဲ့ပေးလိုက်သည်။

ချန်မျန်လေးသည်လည်း ဗိုက်ဆာနေသောကြောင့် လိမ္မာစွာပင် နို့ကို လျက်လိုက်သည်။

ယဲ့ချင်းသည် သူမ ဗိုက်ပြည့်သွားပြီးနောက် သူမသည် အစာစားနေဆဲဖြစ်သော ကြောင်လေးကို လျစ်လျူရှုလိုက်ကာ ခဏတာလောက် တစ်ခုခုကို စဉ်းစားနေလိုက်ပြီးနောက် အိမ်မှ ထွက်လာခဲ့သည်။

                                             •.•

T/N:

*Cloud Cat
တကယ့်လက်တွေ့မှာ ကြောင်တစ်ကောင် မပိုင်ပေမယ့် အင်တာနက်မှာ အမြဲ ကြောင်လေးတွေရဲ့ ပုံတွေ၊ ဗီဒီယိုတွေ ကြည့်နေတဲ့သူပါတဲ့။

အသွင်ပြောင်းသားရဲလေးတွေရဲ့ မေမေ (ဘာသာပြန်)Where stories live. Discover now