အပိုင်း ၄

539 72 0
                                    

အပိုင်း ၄ - ဝတ္ထုထဲ ကူးပြောင်းသွားခြင်း။ (၄)

ယခင်တည်းက မူလပိုင်ရှင်ဖခင်၏ အစ်ကိုများမှာ သူမ၏ဖခင် ချန်ရစ်ခဲ့သော ဤအိမ်လေးကို မျက်စိကျနေခဲ့ခြင်းဖြစ်သည်။

တော်သေးသည်မှာ မူလကိုယ်၏ဖခင်ဘက်မှ အဘွားသည် သူမကို ချစ်မြတ်နိုးပြီး သူမ၏သားများသည်လည်း သူတို့၏မိခင်အပေါ် လေးစားသမှု တချို့တလေရှိခဲ့သည်။ သူမအသက်ရှိစဉ်တွင်တော့ ဤမြေးမလေး၏အိမ်ကို သူမ၏ချွေးမများ အပိုင်စီးမည့်အရေးကို တားနိုင်ခဲ့လေသည်။

သို့သော် မူလပိုင်ရှင် အထက်တန်းဒုတိယနှစ် မစခင်မှာပင် သူမ၏အဘွားသည် ဆုံးပါးသွားခဲ့ပြီး ဦးလေးများနှင့် အဒေါ်များသည် လက်ရှိအခြေအနေကို သည်းခံနိုင်စွမ်းမရှိကြတော့ချေ။

၎င်းတို့သည် သူမကို အထက်တန်းကျောင်းထားပေးပြီး မကျွေးမွေးထားချင်တော့ပေ။ ထို့နောက် ဤအိမ်လေးကို မနာလိုစိတ်အပြည့်နှင့် မျက်စောင်းထိုးကြတော့သည်။

ဤမိသားစုနှစ်စုတွင် ကိုယ်ပိုင်အိမ်များရှိကြသော်ငြား သူတို့၏တူမတွင် သူတို့ထက် အနည်းငယ်ပိုကောင်းမွန်သောအိမ်ရှိနေခြင်းကို အဘယ်သို့ငှါ  သည်းခံနိုင်မည်နည်း။ ထို့အပြင် ဤအိမ်တွင် ကျယ်ဝန်းသောခြံလည်း ပါရှိသေးသည်။ အိမ်တစ်အိမ်လောက် ပိုရှိနေခြင်းကို မည်သူမျှ စိတ်ထဲထားမည် မဟုတ်ပေ။

မူလကိုယ်သည် ထိုအရာများကို သိခဲ့သော်လည်း ဤအိမ်လေးသည် သူမအတွက် ကွဲပြားခြားနားသောအဓိပ္ပါယ်များရှိနေ၏။ ယခုအိမ်သည် သူမမိဘများသူမအတွက် ချန်ရစ်ထားခဲ့သော တစ်စုံတစ်ရာဖြစ်ချေသည်။ သူမသည် အိမ်ကိုရောင်းရန် မည်သည့်အခါမှ သဘောတူမည်မဟုတ်ချေ။

ထို့ကြောင့်ပင် မူလကိုယ်သည် ဤနေရာမှမထွက်ခွါမီ အိမ်ကို သော့ပိတ်ခဲ့ခြင်းဖြစ်သည်။ ယခုအခြေအနေကို ကြည့်ရသလောက် လူသားတို့၏လောဘတရားကို သော့ခလောက်ပင် တား၍မရနိုင်။

ပရိဘောဂတို့ကိုကြည့်လျှင် သူတို့ ဤနေရာတွင်နေထိုင်နေသည်မှာ နှစ်ပေါင်းများစွာရှိလောက်ပြီဖြစ်သည်။ မည်သည့်မိသားစုက လက်ရှိနေနေသလဲဆိုသည်ကိုတော့ သူမ မသိပေ။

အသွင်ပြောင်းသားရဲလေးတွေရဲ့ မေမေ (ဘာသာပြန်)Where stories live. Discover now