Ep ( 5 )

2.3K 324 0
                                    

ခွန်းငယ်တစ်ယောက်ရုတ်တရတ်ဖက်ထားသည့်ခွလုံးကတစ်စုံတစ်ခုထူးဆန်းနေတာကြောင့်မျက်လုံးလေးတွေအသာဖွင့်လိုက်လေသည် ၊၊

ထိုစဥ်မြင်တွေ့လိုက်သည့်အရာကြောင့်ခွန်းငယ်မျက်လုံးလေးတွေပြူးသွားပြီးဖက်ထားရာမှခွာကာကိုယ်လုံးလေးကိုနောက်သို့ဆုတ်လိုက်လေသည် ၊၊

ထိုစဥ်ထိုအမျိုးသမီးကလည်းအလွတ်မပေးဘဲခွန်းငယ်ခါးလေးကိုအမိအရဆွဲဖက်ကာသူမနဲ့နီးကပ်စေလေသည်၊၊

ထို့ကြောင့်ခွန်းငယ်လည်းသူမနဲ့နီးကပ်သွားတော့သည် ၊၊

သူမကတော့ပြုံးရင်းခွန်းငယ်ဆံနွယ်လေးတွေကိုနားရွက်အနောက်သို့ပို့နေလေသည် ၊၊

ခွန်းငယ်ကတော့သူမရဲ့လှုပ်ရှားမှုတိုင်းကိုမျက်လုံးလေးအဝိုင်းသားဖြင့်ကြည့်နေလေသည်၊၊

" တို့ , ကို ကြောက်လို့လား ဟန်နီ "

" ဟို . . ရုတ်တရတ်မို့လန့်သွားရုံပါ "

ထို့နောက် ခွန်းငယ် ပါးပြင်လေးကိုထိတွေရင်းဆွေးဆွေးမြေ့မြေ့မျက်ဝန်းတွေဖြင့်
" တို့ , မင်းကို အရမ်းလွမ်းနေခဲ့တာ "

ဘာမှသိပုံမရတဲ့ခွန်းငယ်ကတော့သူမကိုကြည့်ရင်းရင်ထဲအလိုလိုဝမ်းနည်းလာမိလေသည် ၊၊

ထို့နောက်သူမကခွန်းငယ်နှုတ်ခမ်းကိုဖိကပ်ပြီး
အနမ်းတစ်ပွင့်ခြွေလိုက်လေသည် ၊၊

တီတီ တီ . . . တီတီ . . .

ထိုစဥ် Alarm ပေးထားသော နာရီနှိုးစက်သံကြောင့်ခွန်းငယ်တစ်ယောက်အိပ်မက်မှလန့်နိုးသွားလေသည် ၊၊

ထို့ကြောင့်ခွန်းငယ်လည်းစားပွဲပေါ်ကနာရီလေးကိုလှမ်းယူကာAlarm ပိတ်လိုက်ပြီးအိပ်မက်ကိုပြန်လည်တွေးတောနေမိလေသည် ၊၊

ထို့နောက်အတွေးတွေကိုရပ်ကာကျောင်းသွားဖို့ပြင်ဆင်တော့လေသည် ၊၊

-

" ချစ်ခွန်းငယ် !! "
ဆရာမကစိတ်ဆိုးမာန်ဆိုးဖြင့်မေးထောက်ကာအတန်းအပြင်ကိုကြည့်ပြီးငေးမောနေသည့်ခွန်းငယ်ကိုခေါ်လိုက်လေသည် ၊၊

သို့သော်ခွန်းငယ်တစ်ယောက်ဆရာမခေါ်သည်ကိုကြားပုံမပေါ်တာကြောင့်ဘေးကအတန်းဖော်တွေကမသိမသာအချက်ပေးလိုက်ကြလေသည် ၊၊

ခြံအမှတ်(၁၃)Where stories live. Discover now