အပိုင်း၄၀။ ဇာတ်သိမ်းပိုင်း

Start from the beginning
                                    

ယနေ့လဲ ကျူးလစ်ပန်းပွဲတော်ပြီးတာနဲ့ လေယာဉ်နဲ့ ၁နာရီ ၁၆မိနစ်ခန့်စီးရတဲ့ ဒိန်းမတ်မြို့လေးကို သွားဖို့ပူဆာထားသည်ကြောင့်လိုက်ပို့ရဦးမည်။ တစ်ခါကဆို လေယာဉ်ချိန်နည်းပါးပေမဲ့ ခနခနသွားရင် ခရီးပန်းမည်ဆိုး၍ စိုးရိမ်စိတ်ကလေးနှင့်တားမြစ်မိတော့ အချစ်ကလေးက ဤသို့ စကားနာထိုးလာသေးသည်။

" ဟန်နီက အနွယ့်ကိုမချစ်တော့ဖူးလားသိပါတယ်..ဟူးး "

သက်ပြင်းလေးတစ်ချက်ချပြီးဆက်ပြောလာသည်။

" အမိနိုင်ငံမဟုတ်တဲ့တစ်နယ်တစ်ကျေးကို ဟန်နီ့မျက်နှာတစ် ကမ္ဘာလုပ်ပြီးလိုက်လာတာကို ဟန်နီက ငြိုငြင်ရက်ပြီပေါ့.."

ထိုစကားပြောပြီးဆောင့်ဆောင့်နှင့်အိမ်ပြင်ထွက်သွားသည်ကြောင့် မုန်းမှာရီချင်တာတောင်အောင့်ပြီး မယ်စိတ်ကောက်လေး နောက်သို့ကောက်ကောက်ပါအောင်လိုက်သွားရသည်။ အိမ်ပြင်ထွက်သွားတော့ ဘယ်နေရာကိုများထွက်သွားတာပါလိမ့်ဆိုပြီးစိုးရိမ်တကြီးလိုက်ရှာတော့ ဘေးအိမ်က အဒေါ်ကြီးက မုန်းကို သူမ၏အိမ်ထဲမှာ ဟုအချက်လှမ်းပြသည်။

ထိုအဒေါ်ကြီးက မုန်းတို့လို လိင်တူလက်ထပ်ထားတဲ့စုံတွဲဖြစ်ပါသည်။ သူမ၏ အမျိုးသမီးကတော့ မုန်းတို့ပြောင်းမလာခင်က တစ်နှစ်ကမှဆုံးပါးသွားသည်။ အိမ်ထဲဝင်သွားလိုက်တော့ အဒေါ်ကြီးမွေးထားသည့်စုတ်ဖွားအမွှေးလေးတွေရှိတဲ့ကြောင်ကြီးကို သူမအကြောင်းအတင်းတုပ်လို့နေသည်။

" မြောင်မြောင် မင်းသိလား..အဲ့ဟန်နီအစုတ်ပလုပ်ကလေ အနွယ့်ကိုမချစ်တော့ဖူး! "
အနွယ်ပြောလိုက်တော့ကြောင်ကြီးက နားလည်ဟန်နှင့်အသံပြုလာသည်။

" မြောင်.."

" အနွယ်ပြောတာ မြောင်မြောင်လဲနားလည်တယ်မှလား! ဟန်နီအစုတ်ပလုတ်ကြီး! "

" မြောင်..မြောင်"

" မဟုတ်ပါဖူး ဟန်နီ မြောင်မြောင်ပြောသလောက်လဲ အကျင့်ပုတ်နေတာမဟုတ်ပါဖူး ကောင်းပါတယ်"

" မြောင်..မြောင်.."

" မဟုတ်ပါဖူးဆို..ဟန်နီက အကျင့်ကောင်းပါတယ် အခုမသွားခိုင်းတာကလဲ အနွယ်နေမကောင်းမှာဆိုးလို့တဲ့ အဲ့တာကို ရည်းစားမရှ်ိတဲ့ မြောင်မြောင်က ဘယ်သိမလဲဟွန့်! "

You've reached the end of published parts.

⏰ Last updated: Mar 18, 2023 ⏰

Add this story to your Library to get notified about new parts!

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now