အပိုင်း၁၆။ မြတ်နိုးရသည့်အချစ်သည်းကညှာ

1.4K 159 32
                                    

Uni
အနွယ် အခန်းထဲမှာ စာအုပ်ဖတ်နေတုန်း ဦးကြီးရဲ့ခေါ်သံကြောင့် အိမ်အောက်ထပ်ကိုဆင်းလာခဲ့သည်။

" ဦးကြီးဘာဖြစ်လို့တုန်း"

" အနွယ် ကို အမျိုးသမီးတစ်ယောက်က ခေါ်ခိုင်းလိုက်လို့ရယ် သျှင်းလေးကိုရော"

" အို အနွယ့်ကို လာတွေ့မဲ့သူမရှိပဲ ဦးကြီးရဲ့"

" အဲ့တာတော့ ဦးကြီးလဲမသိဖူးကွယ် အနွယ့်နဲ့ သျှငိးကိုခေါ်ခိုင်းဆိုလို့ ဦးကြီးက လာခေါ်တာ"

ပြောနေရင်းသျှင်းလေးရောက်လာသည်ကြောင့်အတော်ပဲဖြစ်သွားသည်။ တစ်ယောက်တည်းသွားမတွေ့ချင်။ဟိုဘက်က လည်း သျှင်းကိုခေါ်ခိုင်းလိုက်သည်ကြောင့် အနွယ် သျှင်းလေးကို ခေါ်ပြီးအိမ်ရှေ့ထွက်လာခဲ့သည်။

အနွယ့်နာမည်သိသည့် လူကုံထံအမျိုးသမီးက ခပ်ရှားရှားမဟုတ်ပေလား။

" မနွယ် သျှင်းတို့ကို ဘယ်သူကခေါ်တာလဲ"

" မ လဲမသိဖူးကွယ် အနွယ်တို့ကိုခေါ်တယ်လို့ပဲပြောရယ် ဘယ်သူဘယ်ဝါလို့မပြောသွားဖူး"

" အော် အဲ့သလိုကိုး"

နှစ်ယောက်သားအိမ်ရှေ့ထွက်လာရင်း ခြံတံခါးရှေ့မှာပြူတစ်ပြူတစ်လုပ်နေသည့်သူနှစ်ယောက်ကိုယ်စီအံ့အားတကြီး ‌ရေရွတ်မိသည်။

" ဟန်နီ!"

" ဒေစီ!"

နာမည်လည်းခေါ်လိုက်ရော ရီကျဲကျဲကြည့်လာသောသူနှစ်ယောက်။

" ဟန်နီက ဘယ်လိုရောက်လာတာတုန်း"

" ဟန်နီက အနွယ့်ကို ဘုရားတူတူသွားဖူးဖို့ လာခေါ်တာရယ် အားတယ်မို့လား မအားလဲလိုက်ခဲ့ပါ ဟန်နီ အိမ်ကနေ ဒီကို ခြေချင်တောင်လျှောက်လာရတာ အဟင့်"

မျက်နှာလေးငယ်ပြီးပြောလာသည့်ဟန်နီကြောင့် အနွယ် စိတ်လျော့ပြီး  လိုက်ဖို့ဆုံးဖြတ်လိုက်ရသည်။

" လိုက်ခဲ့ပါ့မယ် အဲ့တာဆို ခနနော် အနွယ် မချိုကိုသွားပြောလိုက်ဦးမယ်"

" ဟုတ် ဟုတ်"

မုန်း ထိုအမျိုးသမီးလေး လိုက်မည်ဟုပြောသောကြောင့် ကြိတ်ပျော်နေတုန်း ဘေးနားက ဒေစီမြမြခင် ရဲ့ မျက်နှာကိုကြည့်ပြီး ရီချင်လာသည်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now