၃၈။ စံပယ်ပန်းလေးဟာ မာနတရားတွေလွှမ်းခြုံထားသည်တဲ့။

Magsimula sa umpisa
                                    

" ဟဲ့ နှစ်ကောင် ကလေးကို ငါ့အခန်းထဲမှာ ထားခဲ့ပြီး နင်တို့က ဘာတွေတွတ်ထိုးနေတာလဲ "

ပြောလိုက်တော့ ဒေစီဆိုသည့်ဟာမ မျက်လုံးကလေး လှန်ကြည့်လာပြီး ဘာပြောတယ်မှတ်လဲ

" ငါလဲ မထားချင်ပါဘူး ..သားကဟယ် ၊ နင့်အခန်းထဲသွားချင်တယ်လို့ ပြောလို့ပါ နော်ဟုတ်တယ်မှလား အချစ် "

သူကတင်ပြောရတာ အားမရလို့ သူ့မယားကိုပါ အဖော်ကလေး စပ်၏။သူ့ မယား ကလဲ သူ့ဇနီး ပြောသမျှကို‌ ခေါင်းညိတ်၏။

တော်တော်လဲ လိုက်ဖက်တဲ့အတွဲပါလေ။

" ဟဲ့ နင့်ပုံစံလဲ နင်ကြည့်ဦး အရက်နံ့တထောင်းထောင်း၊ ခေါင်းကရှုပ်ပွ၊ သူတောင်းစားနဲ့ နင်လား ငါလား ပဲ "

ဒေစီပြောခါမှ သူ့ကိုယ်သူ ပြန်အကဲခတ်မိတော့ သူပြောသလောက်လဲ မဆိုးပါဘူး။ အနံ့ပြန်နမ်းကြည့်တော့လဲ အရက်နံ့သင်းသင်း ထွက်နေယုံကလွဲ ရင် ဘာမှအပြစ်ပြောစရာမရှ်ိပါ။

" ရော့ရော့ ကလေးပြန်ယူ ကောင်မ ။ နင်တို့လဲဟယ် ဒီအိမ်ကိုသာ ပြောင်းလာကြပါတော့လား ဟယ်။ "

ရွဲ့ပြီးပြောလိုက်ပေမဲ့

" တဂယ် ပြောင်းလာလို့ရလား။ တဂယ်ပြောင်းလာမှာနော် " လို့ အရောင်တလက်လက်နဲ့ ပြောလာသော ဒေစီမကြောင့် စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။

" ရော့ ရော့ ကလေးပြန်ယူ "
ကလေးကို သူ့တို့လက်ထဲ အတင်းပြန်ပေးခဲ့ပြီး အခန်းထဲပြန်လာခဲ့သည်။ ဒါတောင်နောက်ကနေ တဂယ်လာနေမှာလို့ ပြောနေသေးသည်။

ဟူး သက်ပြင်းတချက်ချလိုက်ပြီး  အခန်းထဲမှာရှိတဲ့ မှန်တင်ခုံမှာထိုင်လိုက်ပြီး မှန်ထဲက ကိုယ့်မျက်နှာကို သေချာပြန်ကြည့်မိသည်။ လွန်ခဲ့တဲ့သုံးနှစ်နဲ့ ပြောင်းလဲသွားတာ  ဆိုလို့ ဆံပင်တစ်ခုသာရှိတယ်။ ဂုတ်ကျော်ဆံပင်လေးကနေ ကျောလယ်အထိရှည်လာသည်။ ဆံပင်အရှည်ကို စိတ်ရှုပ်မခံနိုင်၊ မထိန်းသိမ်းတတ်ပေမဲ့ ၊ သူမလေးနဲ့တစ်နေ့ ရုံးတတ်လက်မှတ်ထိုးခဲ့ရင် ဆင်တူဆံထုံးလေးတင့်တင့် တယ်တယ် ထုံးချင်လို့သာ မရှည်တဲ့စိတ်ကလေးကို ဆွဲဆန့်ပြီးထားနေရသည်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Tahanan ng mga kuwento. Tumuklas ngayon