အခန်း၂၀၈

454 82 0
                                    

ကျီဖန်ယင်း၏လက်ထဲမှ အထုပ်များသည် ဘယ်လောက်မှမကြာသေးခင် ချန်ယွမ်ရှန်းဆီသို့ ရောက်ရှိသွားခဲ့သည်။ သူသည် ကျီဖန်ယင်းကို အထဲသို့ ခေါ်ဆောင်သွားပြီး ကားထဲရှိ ကျန်အထုပ်များကို သူ့အဖော်များသယ်​သွားရန် ထားခဲ့သည်။

ကျီဖန်ယင်းသည် အိတ်နှစ်လုံးလောက် သယ်ဖို့ တွေးထားပေမဲ့ ယောက်ျားလေးများက ပစ္စည်းများကို ခွဲသယ်လိုက်​ကြတာကြောင့် အိတ်များသည် သူမ မသိလိုက်ခင်မှာပဲ ယူသွားကြပြီ​ဖြစ်သည်။ ထို့ကြောင့် သူမသည် သူမ၏လက်ဗလာများကို အိတ်ကပ်ထဲသို့သာ ထည့်လိုက်သည်။

ထို့​နောက် ဟဲရှန်ကိုတွေ့ကာ နှုတ်ဆက်လိုက်သည်။ သူသည် အေးအေးဆေးဆေး ခေါင်းညိတ်ကာ တုံ့ပြန်ပြီးနောက် အစားအစာဖြင့် ထွက်သွားခဲ့သည်။ ထိုအချိန်တွင် သူမသည် ချန်ယွမ်ရှန်းဘက်လှည့်ကာ "မင်း ဒီမှာ အလုပ်သင်လုပ်နေတာလား"ဟု မေးလိုက်သည်။

တကယ်တော့ အတော်​လေးသိသာပါတယ်။

စုန့်ရှီးယွီနှင့် ဘလိုင်းဒိတ်တွေ့ဖို့အတွက် ချန်ယွင်ရှင်းဟာ အတော်လေး ချမ်းသာတဲ့ နောက်ခံရှိသူ ဖြစ်ပါလိမ့်မည်။ ချန်ယွမ်ရှန်းသည် ကောင်းမွန်သော မိသားစုမှဖြစ်သည်။ သူသည် ကျန်းနင်၏အဒေါ်ဖြင့် ပို့လိုက်သော အလုပ်သင်ဖြစ်နိုင်သည်။

"ဟုတ်တယ်။ အစ်မက ရုပ်ရှင်တွေကို ကြိုက်တယ်မလား။" ချန်ယွမ်ရှန်းသည် ကျီဖန်ယင်းနှင့် စကားပြောရန် တိတ်ဆိတ်သောနေရာသို့ သွားလိုက်သည်။ "ကျွန်​တော်လည်း သီချင်းရေးတာမှာ အတွေ့အကြုံနည်းနည်းပါးပါးရှိတော့ ရုပ်ရှင်ဇာတ်ဝင်တေး​တွေကို ကြိုးစားထုတ်လုပ်ကြည့်ချင်လို့။"

အခြားအလုပ်သင်တစ်ဦးကလည်း စကားဝိုင်းထဲတွင်ပါဝင်ရန် ရည်ရွယ်ချက်ဖြင့် သူမတို့ထံ ချဉ်းကပ်လာခဲ့သော်လည်း ချန်ယွမ်ရှန်းက သူ့ကို မသိမသာ နှင်ထုတ်ခဲ့သည်ကို ကျီဖန်ယင်းသည် မျက်လုံးထောင့်မှ မြင်လိုက်ရသည်။

သူမရှေ့မှ အပြစ်ကင်းစင်သော ချန်ယွမ်ရှန်းဟာ တစ်ဝက်က ​စစ်မှန်ပြီး တစ်ဝက်ကဟန်ဆောင်မှုဆိုတာ သူမသိသော်လည်း သူ့လုပ်ရပ်ကို သူမ သဘောကျနေဆဲပင်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူ[Book 2]Where stories live. Discover now