အခန်း၂၀၇

470 84 0
                                    

ထိုညတွင် ကျီဖန်ယင်းသည် အိမ်သို့ရောက်သည်နှင့် သူမ၏ဖုန်းကို စစ်ကြည့်ခဲ့ရာ အတွင်းရေးမှူးဖန်းထံမှ မက်ဆေ့ချ်ကို တွေ့ခဲ့သည်။

ကျီဖန်ယင်းသည် လာမည့်ရက်အနည်းငယ်ကြာ အနားယူပြီး ကြိုတင်စာရင်းသွင်းမှုများကို လက်ခံမည်မဟုတ်ကြောင်းကို သူတွေ့ခဲ့တာကြောင့် ဖုန်း​ခေါ်လိုက်ရင် အဆင်မပြေဖြစ်သွားမည်ကို စိုးရိမ်သဖြင့် အရေးကြီးသော သတင်းကို မက်​ဆေ့ချ်​ဖြင့်ပေးပို့ရန်သာ ရွေးချယ်ခဲ့ပြီး မက်ဆေ့ခ်ျကို​သေချာ​ဖတ်ဖို့ကိုလည်း သူမအား လေးနက်စွာပြောထားသေးသည်။

လီရှောက်ရှင်း မှာထားသည် လက်ထပ်ခွင့်တောင်းမည့်လက်စွပ်သည် ရလုနီးပါးဖြစ်နေပြီဖြစ်တာကြောင့် ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးရန် အင်္ဂလန်သို့ သွား​ရောက်​ခဲ့သည်။ သူသည် တရုတ်နှစ်သစ်ကူးပြီး သုံးရက်မြောက်နေ့ဖြစ်သည့် ချစ်သူများနေ့တွင် လက်ထပ်ခွင့်တောင်းရန် ဆုံးဖြတ်ခဲ့သည်။

ကျီဖန်ယင်းသည် စိတ်ထဲတွင် အမြန်တွက်ချက်လိုက်ပြီး တစ်ပတ်သာ လိုတော့ကြောင်းကို မှတ်ထားလိုက်သည်။

ကျီရှင်းရှင်းသည် ယနေ့တွင် အဖိုးတန်ငါးနှစ်ကောင်ကို ဆုံးရှုံးလိုက်ရပြီး ကြီးမားသော ဆုတ်ယုတ်မှုများစွာကို ခံစားခဲ့ရတာကြောင့် လီ​ရှောက်ရှင်း၏လက်ထပ်ခွင့်တောင်းမှုကို လက်ခံရန် အခွင့်အလမ်းသည် မြင့်တက်လာခဲ့သည်။

အခုနောက်ဆုံးအနေနဲ့ ချစ်သူများနေ့မရောက်ခင် စန်းရှန်းရန်ကိုပဲ စစ်ဆေးဖို့လိုတော့တယ်။

နောက်တစ်နေ့မနက်တွင် ကျီဖန်ယင်းသည် 'အိမ်ခြံမြေဆရာမကြီး' မစ္စကျန်းနင်ကို သူမနှင့်အတူ တိုက်ခန်းအချို့ကို လိုက်လံကြည့်ရှု​ပေးရန် တောင်းဆိုခဲ့သည်။ ချမ်းသာသော မိန်းကလေးနှစ်ယောက်သည် ပန်းရောင်Maseratiကားထဲသို့ဝင်ကာ ဈေးကွက်ထဲသို့ ဝင်လာတာမကြာသေးသော တိုက်ခန်းသစ်ဆီသို့ သွားလိုက်ကြသည်။

"စန်းရှန်းရန်?" ကျန်းနင်က တစ်ချက်စဉ်းစားလိုက်တယ်။ "ငါက သူနဲ့သိတော့သိတယ်။ နင်လဲသိပါတယ်၊ သူ့လိုပုံစံက ငါ့အကြိုက်မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သူရိုက်နေတဲ့ရုပ်ရှင်က ငါတို့ရိုက်ကွင်းနဲ့ နီးတယ်လို့ ကြားတယ်။ နင်သိချင်ရင် ပြီးရင် ဝင်ကြမလား။ ဖြစ်ချင်တော့ ဒီနေ့ ဟဲရှန်းမှာလည်း ရိုက်ကွက် ၃ခန်းရှိတယ်တဲ့။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူ[Book 2]Where stories live. Discover now