အခန်း၁၉၉

984 114 2
                                    

"ဘာကြည့်နေတာလဲ" စုန့်ရှီးယွီက လျှောက်လာပြီး မေးသည်။

"ဟိုကိုကြည့်" ကျီဖန်ယင်းက ထိုအုပ်စုကို လက်ညှိုးထိုးပြလိုက်ပြီး "အဲဒီမှာ နိုင်ငံခြားသားတွေ အများကြီးပဲနော်၊ ခရီးသွားတွေလားမသိဘူး။ တော်တော်ငယ်ကြသေးတယ်။"

စုန့်ရှီးယွီသည် တချက်လှမ်းကြည့်လိုက်ရာ နောက်တစ်စက္ကန့်တွင် သူ့အမူအရာက တင်းမာသွားသည်။

ကျီရှင်းရှင်းသည် အုပ်စုထဲတွင် အလွန်ထင်းနေတာကြောင့် သူမကို မမြင်နိုင်ဖို့မှာမဖြစ်နိုင်ပေ။

ကျီဖန်ယင်းက သူမ၏နှုတ်ခမ်းပေါ်က နတ်ဆိုးဆန်​သောအပြုံးကို မျိုသိပ်လိုက်ပြီး "ရှီးယွီ၊ ငါရုတ်တရက်​ကြီး နို့လက်ဖက်ရည်ကို သောက်ချင်လာလို့။ ဟိုဘက်က ဆိုင်ကိုသွားကြရအောင်။"

စုန့်ရှီးယွီက သူမကိုကြည့်ကာ "သေချာလား" ဟု မေးသည်။

"အင်း" ကျီဖန်ယင်းက သူမလိုချင်တာကိုတောင် ဆုံးဖြတ်ခဲ့တယ်။ "စပျစ်သီးအနှစ်နဲ့ဟာ သောက်ချင်တယ်။"

စုန့်ရှီးယွီသည် စက္ကန့်များစွာ ငြိမ်သက်နေပြီးမှ သူမကို နို့လက်ဖက်ရည်ဆိုင်ဆီသို့ လိုက်ပို့ပေးသည်။

ရှော့ပင်းမောလ်သည် ပုံမှန်မဟုတ်သည့် ဘဲဥပုံသဏ္ဍန်ရှိသည်။ အလယ်တွင် ကြီးမားသောနေရာလွတ်ကြီးတစ်ခုရှိ၍ တစ်ဖက်နှင့် တစ်ဖက်ကို မြင်နေရသည်။

သို့သော် ရှော့ပင်းမောလ်သည် အမြဲလူများတာကြောင့် လူအများစုသည် တခြားလူများကို လိုက်ကြည့်နေမည် မဟုတ်ပေ။

ကျီရှင်းရှင်းသည် နိုင်ငံခြားကျောင်းသားများ၏ အလယ်တွင် အလွန်ထင်ရှားစွာရှိနေတာကြောင့် ကျီဖန်ယင်းသည် သူမကို တစ်ချက်တည်း ရှာတွေ့နိုင်သည်။ လူများသည် ကျီရှင်းရှင်းကို စပ်စုလိုစိတ်ဖြင့် ပြန်လှည့်ကြည့်နေကြသည်။

ကံမကောင်းစွာနဲ့ပဲ ကျီရှင်းရှင်းသည် သူမပတ်ဝန်းကျင်ကိုသာ အာရုံစိုက်နေပြီး ကျောင်းသား ဆယ်ယောက်လောက်ကို ဘာသာပြန်ပေးရင်း အလုပ်ရှုပ်နေခဲ့ပါသည်။ ကျီဖန်ယင်း Iced fruit teaကို ဝယ်ပြီးသည့်အချိန်အထိ သူမတို့အဖွဲ့သည် တစ်နေရာတည်းတွင် စကားပြောနေကြဆဲဖြစ်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူ[Book 2]Where stories live. Discover now