အခန်း၂၀၅

485 96 0
                                    

"ငါအရင်က မျက်လုံးမကောင်းခဲ့လို့ မင်းကိုသဘောကျခဲ့တာပဲ" စုန့်ရှီးယွီ၏မျက်လုံးများသည် လမ်းကိုသာ ကြည့်နေပြီး "မင်းက ငါ့ကိုအမြဲထိန်းချုပ်ချင်နေတာ။ ငါတို့က သူငယ်ချင်း​တွေတောင်ဟုတ်လို့လား။"

"... ကားရပ်လိုက်" ကျီရှင်းရှင်းသည် တုန်ယင်​နေ​သောအသံဖြင့် ပြောလိုက်သည်။

စုန့်​ရှီးယွီက လမ်းဘေးကို တစ်ချက်ကြည့်ပြီး "ဒီမှာ ရပ်စရာနေရာမရှိဘူး" ဟုပြန်ဖြေသည်။

"စုန့်ရှီးယွီ၊ အခုချက်ချင်း ကားရပ်​လိုက်​လို့ပြောနေတယ်!" ကျီရှင်းရှင်းသည် သူမရှေ့ရှိ ကားဒိုင်ခွက်ကို ဆောင့်ရိုက်လိုက်ရာ အတွင်းထဲမှ စာရွက်စာတမ်းများအားလုံး ကားထဲတွင် ပြန့်ကျဲသွားခဲ့သည်။

စူးရှသော တစ်စုံတစ်ခုက ကျီရှင်းရှင်း၏ ခြေထောက်များကို ထိမိသွားရာ မျက်ရည်များ စီးကျလာပြီး "စုန့်ရှီးယွီ၊ ငါနင့်ကို အနိုင်ကျင့်ခဲ့ဖူးလို့လား။ ငါ့ကို ဒီလိုအရှက်ခွဲရလောက်အောင် ငါဘာလုပ်ခဲ့လို့လဲ။ အခုကျမှ ငါ့ကိုသဘောကျမိခဲ့လို့ နောင်တရနေတာလား။ ငါကသာ အမြဲနှိမ့်ချတဲ့သူဆိုတာကို နင်မေ့နေပြီလား။ နင်ငါ့ကိုကြိုက်ပါလို့ ငါဘယ်တုန်းကမှ မတောင်းဆိုဖူးဘူး။"

"ဒါပေမယ့် မင်းရဲ့အပြုအမူတွေကြောင့် မင်းရဲ့အခြေအနေကမကောင်းဘူးလို့ အထင်လွဲခဲ့မိတယ်။" စုန့်ရှီးယွီက စတီယာရင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး "မင်း ငါ့ကို တစ်လျှောက်လုံးအထင်လွဲအောင်လုပ်နေခဲ့တာပဲ။ မင်းပဲရစ်ကို ထွက်သွားပြီးမှ ငါအမှန်တရားကို မြင်နိုင်ခဲ့တယ်..."

"ဘာအမှန်တရားလဲ။ ကျီဖန်ယင်းကို သဘောကျနေတယ်ဆိုတာလား။" ကျီရှင်းရှင်းက လက်ညိုးထိုးကာ "စုန့်ရှီးယွီ သတိဝင်လာတော့။ နင်သဘောကျတဲ့ ကျီဖန်ယင်းက လူတိုင်းကို သူ့လက်ခုပ်ထဲထည့်ပြီး ကစားတဲ့လူပဲ။ သူက အရင်က နင့်ရှေ့မှာ မနေတတ်တဲ့၊ နင့်ကိုအဝေးကနေပဲလှမ်းကြည့်နေတတ်တဲ့ နူးညံ့သိမ်မွေ့တဲ့ကောင်မလေးမဟုတ်တော့ဘူးလို့။ အဲ့နှစ်ယောက်က မတူညီတဲ့လူတွေဆိုတာ မသိနိုင်ဘူးလား။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူ[Book 2]Where stories live. Discover now