1

968 65 119
                                    

မီးရောင်များကခုန်နေသော club တစ်ခု၏ Dancing floor တွင်ဖြစ်သည် ..မြူးကြွသော DJသံ၏ ဦးဆောင်မှုနောက်တွင် Jeongwoo ၏ ခန္ဓာကိုယ်မှာလဲ မီးရောင်တွေနှင့်အတူကခုန်နေ၏..

သောက်ထားသော Vodkaခွက်တွေရဲ့အရှိန်ကြောင့်လဲ လူကလဲ ရီဝေဝေ ..

"Shawty ကိုယ်နဲ့ ကမလား?"

စကားပြောရင်း အနားကပ်လာသော မိန်းကလေးခါးပေါ်လက်တင်လိုက်တော့ မိန်းကလေးဟာ ရှက်သေွးဖြာကာ ခေါင်းငံုပီး စည်းချက်နှင့်အတူစီးမြောနေ၏...

ကနေရင်း နီရဲရဲ နှုတ်ခမ်းပါးစီသို့ ငုံဆင်းသွားသည့်အခိုက်အတန့်
ခွပ်*

ပါးကိုအထိုးခံလိုက်ရတောကြောင့် ပါးစောင်ကို လျှာနဲ့ထိုးထားပီး ပြန်ထိုးလိုက်သည်
"အဲ့တာ ငါ့ရည်းစား မင်းကဘာလာရှုပ်တာလဲ "
"ကိုယ့်ရည်းစားကိုယ်နိုင်အောင်မထိန်းပဲ ဘာစောက်ပြဿနာလာရှာနေတာလဲ ...အေးပေါ့ ငါလေးက အရမ်းချောနေတော့ မင်းကိုပုကွကွ အဆီတွေနဲ့လူက ဘယ်ဆွဲထားနိုင်မလဲ"

body shamingလေးနဲ့ ခပ်ဆွဆွတုန့်ပြန်လိုက်နိုင်သည်
တော်သေးတာပေါ့ ဒီလိုပြောနိုင်အောင်မွေးထားပေးလို့..

Jeongwooဆိုတာ 180cm မြင့်တဲ့အရပ် ..ပုခုံးကျယ်ကျယ် ..မဆိုသာသလောက်‌ေလးညိုပီးဆွဲဆောင်မှုရှိတဲ့ အသားအရည်ကိုပိုင်ဆိုင်ထားတဲ့ ၂၂အရွယ်ကောင်လေး ...

မျက်နှာကြည့်တော့လဲဝံပုလွေလို့ မျက်လုံးစူးစူးတွေနဲ့ ပြစ်ချက်မရှိတဲ့ manlyဆန်တဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားပြန်ရာ ရုပ်ရည်နဲ့ပတ်သတ်ပီး confidentက မိုးထိုးလို့...

အဲ့အပြင် နိုင်ငံရေးသမားတွေတောင် အလေးပေးရတဲ့ jade groupပိုင်ရှင်ရဲ့ညီ ဆိုေတာ့ ဆိုးချင်တိုင်းဆိုး လုပ်ချင်တိုင်းလုပ်ရတာပေါ့

ခုလဲ သူစွတဲ့ထားကြောင့် ထိုလူဟာ ရှူးရှူးရှဲရှဲဖြစ်နေပီ...

"ဟျောင့်တွေ ဒီကောင့်ကို ဆုံးမလိုက်ကြစို့"
ထိုဂျပုကောင်ဟာ ဝိုင်းတစ်ဝိုင်းဘက်ကိုလှည့်ကာ ဆော်ဩသည် ..ဘာလား အဖွဲ့ကြီးနဲ့ဟ...

အတူတူပါလာတဲ့ Shiho Hyungကိုလှမ်းခေါ်ပေမဲ့ ကိုယ်တော်ချောဟာမကြားပါ

Mr. Bodyguard Where stories live. Discover now