"အဆင်ပြေပြီဆိုရင် ကျွန်တော်သွားတော့မယ်ဗျ
တစ်ခြားဝိုင်းတွေလိုက်သိမ်းရဉီးမယ် "

"နေပါဉီး ညီလေးကလည်း ကိုကြီးနဲ့စကားခနလောက်
ပြောပေးပါဉီး "

လှည့်ထွက်ဖို့ပြင်နေတဲ့ သူ့ကို လက်ကနေစောင့်ဆွဲလိုက်သည့်
အပြင် အနည်းငယ်မူးဝေနေတာမို့ ရှောင်းကျန့်
ကိုယ်လုံးလေး ထိုလူ့ပေါင်ပေါ်ပြုတ်ကျသွားသည်။
ဘီယာကအလောက်မမူးတက်ပေမဲ့ ထိုဉီးလေးကြီးက
ဘီယာထဲကို တစ်ခုခုထည့်လိုက်သည့်ပုံပင်။
ရှောင်းကျန့်ခေါင်းတွေမူးနောက်ပြီး မျက်လုံးတွေဝေဝါး
လာသည်။ ခါးပေါ်ကို ရောက်လာတဲ့ပုတိုတိုလက်ကြမ်း
ကြီးကြောင့် ရှောင်းကျန့်အသိဝင်သွားပြီးရုန်းမလို့
လုပ်နေတုန်းမှာဘဲ သူကိုယ်လေးဟာလက်ကြီးကြီး
တစ်ဖက်ရဲ့စောင့်ဆွဲခြင်းကိုခံလိုက်ရသည်။

"ငါ-ိုးမသား ခွပ်! ဒုန်း! "

ထိုလူပေါင်ပေါ်ကနေ ခွာသွားတာနဲ့တစ်ပြိုင်နဲ့
ဆဲဆိုသံနဲ့ထိုးကြိတ်သံတွေကြားလိုက်ရသည်။
မျက်လုံးတွေဝေးဝါးနေပြီး ဆိုင်တစ်ခုလုံးချာချာလည်
နေတာမို့ လူတွေကိုသဲသဲကွဲကွဲမမြင်ရ။ ဆိုင်ထဲကလူတွေ
ကတော့ရန်ပွဲဖြစ်တာသိသည်နှင့် အကုန်အပြင်ထွက်ပြေး
ကုန်ကြသည်။

"ဒီလက်လားဟမ် ငါ့အပိုင်ကိုလာထိတာ ဒုန်း! ခွမ်း! "

"အား!...နာတယ် အား! "

ရှောင်းကျန့် ခါးကိုထိကိုင်ခဲ့တဲ့ ထိုလူရဲ့လက်ကို
စားပွဲပေါ်တင်ကာ ဘေးကအရက်ပုလင်းနဲ့ရိုက်ခွဲလိုက်သည်။
ဖန်ကွဲစတွေက ထိုလူ့လက်မှာ ထိုးစိုက်ကုန်ပြီး
သွေးတွေရဲရဲနီသွားပြီးနောက် အော်ဟစ်သံကြီး
ထွက်ပေါ်လာသည်။ ဘေးကရှောင်းကျန့်ကိုတစ်ချက်
ကြည့်လိုက်တော့ ယိုင်ထိုးယိုင်ထိုးနဲ့သူ့ကိုမျက်လုံးမှေးကာ
ကြည့်နေသည်။ သို့ပေမဲ့သူ့ကိုမှတ်မိပုံမရ။

ရှောင်းကျန့်ပုံစံကြောင့် ရိပေါ်ဒေါသပိုထွက်သွားကာ

"တောက်စ်! ခွေးမသား အုန်း! ခွမ်း! "

စားပွဲခုံကြီးကိုစောင့်ကန်လိုက်ပြီး ခေါက်ဆွဲကြော်
ထည့်တဲ့ပန်းကန်နဲ့ခေါင်းကိုခွမ်းကနဲမြည်အောင်
ရိုက်ခွဲလိုက်သည်။

My very bad husband  belong to meUnde poveștirile trăiesc. Descoperă acum