အပိုင်း ၁၂

Začať od začiatku
                                    

ဘယ်လောက်တောင် သနားစရာကောင်းလိုက်တဲ့ ကြောင်လေးလဲ။

ယဲ့ချင်းသည် ဤကဲ့သို့ချစ်စရာကောင်းသည့် အကောင်ငယ်လေးများကို အလွန်နှစ်သက်ပေသည်။

ယနေ့မနက်၌ နေပူဆာလှုံနေသည့်အချိန်တုန်းကပင် Douyin*တွင် ကြောင်ဗီဒီယိုတချို့ကို ကြည့်နေခဲ့သေးသည်။

သူမသည် ကြောင်လေး၏ ဖောင်းပွနေသောခေါင်းလေးကို လှမ်း၍ ပွတ်ပေးလိုက်သည်။ သူလေး၏အမွေးသည် ပျော့ပျောင်းပြီး နူးညံ့လျက်ရှိနေသည်။ သူမသည် တိမ်အပိုင်းအစကို ပွတ်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

မျန်ဟွာထန်လေးသည် သူမ၏အစောပိုင်း အတွေ့အကြုံကြောင့် ယခုထိ စိတ်ဒဏ်ရာ ရနေသေးသည်။ သူမသည် အမှားအယွင်းတစ်စုံတစ်ရာပြုလုပ်မိပြီး သူမ၏မာမီသည် သူမကို အိမ်ရှေ့တံခါးသို့ နောက်တစ်ကြိမ် ပစ်ထုတ်မည်ကို အလွန်စိုးရိမ်နေခဲ့ရသည်။

သို့သော် သူမမိခင်၏ နူးညံ့သိမ်မွေ့သော အပြုံးလေးကို ကြည့်ရင်း သူမ၏ခေါင်းလေးကို ပွတ်သပ်ပေးနေသည်ကို ခံနေပြီး ယခုအချိန်တွင် သူမသည် အလွန်သက်သောင့်သက်သာခံစားနေရကာ အစောပိုင်း၌ ဖြစ်ခဲ့သော အရာအားလုံးကိုပင် မေ့သွားခဲ့တော့သည်။

သူမ၏ နက်ရှိုင်းသည့်အပြာရောင်ကြောင်မျက်လုံးများကို မှိတ်ထားရင်း ခေါင်းကို အနည်းငယ်မော့ကာ သူမမာမီ၏လက်ဖဝါးကို ပွတ်သပ်လိုက်သည်။ "မြှောင်~"

ယဲ့ချင်း၏ အပြုံးသည် နက်ရှိုင်းလာခဲ့သည်။ သူမ၏လက်ကို ပြန်မရုပ်ခင် ကြောင်ကလေးကို နောက်တစ်ကြိမ် ပုတ်လိုက်ကာ သူမ၏ညစာကို စတင်စားသောက်လိုက်သည်။

မျန်ဟွာထန်လေးသည် အံဩသွားခဲ့သည်။ သူမ၏မာမီကို ပိုမိုပွတ်သပ်စေချင်သော်ငြား သူမသည် လိမ္မာသည့်ကြောင်လေးပင်။ မာမီသည် စားသောက်ရန်လိုအပ်သည်ကို သူမနားလည်သောကြောင့်  ယဲ့ချင်းကို အဖော်ပြုပေးကာ ထိုနေရာလေးမှာပင် နာခံမှုအပြည့်နှင့် ထိုင်နေလိုက်သည်။

ယဲ့ချင်းသည် ငါးခူတစ်ပိုင်းကို ကောက်ယူကာ အသားကိုစားလိုက်ပြီး ကြောင်ကလေးအား ကြည့်လိုက်သည်။ ထို့နောက် ပြုံးလိုက်ပြီး ကြောင်လေး၏ရှေ့တွင် သူမစားရန် ငါးအရိုးကို ချထားလိုက်သည်။

အသွင်ပြောင်းသားရဲလေးတွေရဲ့ မေမေ (ဘာသာပြန်)Where stories live. Discover now