" အိမ်မပြန်ဘူးလား...Yoongi..."
" မပြန်ပါဘူး...မင်းဆေးရုံကဆင်းမှ
အတူတူပြန်မယ်..."YoonGi သည် ပန်းသီးအခွံကိုစိတ်ဝင်တစား
ခွာရင်း Jiminနဲ့မျက်နှာချင်းဆိုင်
ထိုင်လျက်။" ငါအိမ်မပြန်ပါဘူးဆို..."
" အိမ်မပြန်ရင်...ဘယ်မှာနေမှာလဲ...
ရူးမနေနဲ့..."" ငါဖေဖေ့ကိုစိတ်ဆိုးနေတုန်းပဲ..."
ပန်းသီးစိတ်လေးကို ကိုက်ကာ
ရုပ်ပြောင်းသွားသော Jiminသည်
ကလေးလေးလို။" ဒါဆိုလဲ...ငါ့အိမ်မှာလိုက်နေ..."
" မနေချင်ပါဘူး...မင်းအိမ်မှာနေတာကို
သိရင်လဲ ငါ့ကိုသူများအိမ်ကပ်နေတယ်ဘာညာနဲ့
နှိမ်ဦးမှာ...ဖေဖေ့အကြောင်းကိုငါသိတယ်..."" အဲ့ဒီတော့...ဘယ်မှာသွားနေမလို့လဲ
မင်းနဲ့တော့ခက်တယ်...ငါ့ကိုရင်ပူအောင်..."" ငါ့ကိုအရမ်းချစ်တာပဲလား..ဟင်.."
Yoongiမျက်လုံးလေးတွေနားတိုးကပ်ကာ
မှိတ်တုတ်မှိတ်တုတ်မျက်လုံးလေးဖြင့်
အတင်းတွေ ဝင်ရောက်လာတော့
Yoongiတစ်ယောက် အသက်ရှုပင်မှားကုန်သည်။မဖြစ်ဘူး၊ မျောသွားလို့မဖြစ်ဘူး
ဒါက ဘော်ဒါကြီးJiminရဲ့ ပြောင်ချော်ချော်
အကွက်တွေ၊" သွားစမ်းပါကွာ...ဝေးဝေးကို..."
Yoongiသည် ပန်းသီးစိတ်လေးတွေကို
လှီးစိပ်နေရာမှ ထရပ်လိုက်တော့ Jimin
ကသဘောကျစွာ ရယ်သည်။" ဟုတ်လား...ငါ့ကိုအရမ်းချစ်တာပဲလားလိူ့..."
တစ်ခစ်ခစ်ရယ်ရင်း ဘော်ဒါကြီးYoongiကို
အသေအလဲ စနေတော့သည်။" ပေါက်ကရတွေ မပြောနဲ့တော့ကွာ..."
သူကတော့စနောက်နေလဲ Yoongiကတော့
ရင်ခုန်သံတွေဝုန်းဒိုင်းကြဲနေတာမို့
ရှက်ရှက်နဲ့ ကုတင်ပေါ်မှ Jiminအား
ပန်းသီးစိတ်သေးသေးလေးနဲ့ မထိတထိ
လှမ်းပစ်ပေါက်လိုက်သည်။" ချစ်တယ်မလားလိူ့...ဟင်..ဟင်..."
" တော်ပါတော့ဆိုမှကွာ... "
ဒေါက် - ဒေါက် - ဒေါက်
အခန်းရဲ့တံခါးခေါက်သံကြောင့် ရယ်မော
နေရာမှ Jiminသည် တံခါးဆီသို့လှမ်းကြည့်မိသည်။
Yoongiသည် ထိုင်နေရာမှ အမြန်လေးထကာ
တံခါးအားသွားဖွင့်လိုက်သည်။
YOU ARE READING
အရှင် ( season 2 )