Let's fix some MISPRONUNCIATIONS

87 8 7
                                    

Let's talk about all these mispronunciations we've been taught wrong in our lives.

တသက်လုံးမှားယွင်းစွာ သိလာခဲ့တဲ့ အသံထွက်တေ ကစ်နဲ့တူတူပြင်ကြရအောင် 🥹

It's always a bummer to find out that you've been mispronouncing some of the words wrong your whole life and even tho it's never too late to fix it , you just can't help but low-key feel embarrassed.

ကိုယ်က တသက်လုံးအမှားကြီးနဲ့ သိလာလို့ အမှာကြီးအတိုင်း အသံထွက်လာပေမယ့် ရုတ်တရက်ကြီး အသံထွက်အမှန်သိလိုက်ရတဲ့အခါကျရင် မလုံမလဲ ကြိတ်ပြီးရှက်မိကြတာ လူတိုင်းပဲ ထင်ပါတယ် ။ ကစ်လည်း ဆန်ကြာဇံရဲ့ အသံထွက်ကို
Vermicelli (ဗာမီဆယ်လီ) ချည်းပဲ တောက်လျှောက်ဖတ်လာတာကို မနေ့ကမှ ဗာမီချယ်လီ လို့ သိလိုက်ရလို့ ကိုယ့်ကိုယ်ကိုယ် တအား အားမလိုအားမရတေ ဖြစ်ပီး စိတ်တေတိုနေမိတာ 🥹

So let's fix some of the words we've mispronounced together !!

#lyrics

မှတ်မှတ်ရရ lyricsကို လိုင်းရစ်(စ်) ဆိုပီး တောက်လျှောက်အသံထွက်ခဲ့ဖူးတဲ့ အချိန်ကို သွားသတိရတယ် ။ အဲ့တုန်းက ကိုယ်က ၁၈/၁၉ ဖြစ်မယ်။ ခဲအိုဘက်က တူမလေးက ၁၂/၁၃အရွယ်လောက်လေး သူက အင်္ဂလိပ်ကျောင်းတက်တော့ထားပါတော့ ။ ကိုယ်နဲ့တူတူစကားပြောနေတုန်း သီချင်းတွေအကြောင်းရောက်သွားတော့ ကိုက လိုင်းရစ်စ် ဆိုပီး ပြောချလိုက်တာကို သူက ပြင်ပေးရှာတယ်။
ကလေးလေးက ပြင်ပေးလို့ နည်းနည်းတော့ ရှက်သွားတယ်ဆိုပေမယ့် ကိုယ်တိုင်ကိုက အမှန်ပြင်ချင်လိုစိတ်ပြင်းပြတော့ စိတ်မခုခဲ့ဘဲ အဲ့ကတည်းက အမှန်ဖြစ်သွားတာပါပဲ
" Lyrics " ရဲ့ အသံထွက်အမှန်က " လစ်ရစ်စ်" ဖြစ်ပါတယ်။
အခုထိလည်း အပေါင်းအသင်းတွေကြားထဲ ကိုယ်က လစ်ရစ်စ်ပြောရင် လိုင်းရစ်စ် ပြန်ပြောတဲ့ သူတွေရှိပေမယ့် ကစ်ကတော့ ပြိုင်မငြင်းပါ ။ ကိုယ်မှန်နေတဲ့အတွက် မတွန့်မဆုတ်ပြောရဲဖို့သာ အရေးကြီးပါတယ်။

#Vinyl

နောက်တစ်လုံးကတော့ လူတကာ stickerဆိုင်တွေမှာ မြင်နေကျ ဗီနိုင်း ဗီနိုင်း ဆိုတဲ့ စကားလုံး Vinylပါ။ အသံထွက်အမှန်က Vinyl " ဗိုင်နယ်လ်" ဖြစ်ပါတယ် ။ ဒါပေမယ့် ဗမာတွေရှေ့မှာ ဗိုင်နယ်လ်လို့ သွားသုံးနှုန်းရင် ဘယ်သူမှ မသိပါဘူး ။ ဒီလိုအသံထွက်တဲ့ ကိုယ့်ကိုပဲ အူကြောင်ကြောင်ကောင်လို့ မြင်ကြပါလိမ့်မယ်။ အားလုံးတသားတည်း အမှားသံကြီး ထွက်နေတဲ့အထဲမှာ အသံထွက်အမှန်ကို ထုတ်ပြောဖို့ တွေဝေတွန့်ဆုတ်ကြတဲ့အခိုက်တန့်မျိုး လူတိုင်းမှာရှိမယ်ထင်ပါတယ်။ တစ်ခါတလေတော့လည်း အားလုံးက မှားယွင်းနားလည်ထားတယ်ဆိုရင်‌ေတာင် တစ်ယောက်က အမှန်ကိုသိရင် အဲ့လူကို မှန်ကန်ခွင့်ပေးဖို့ လိုအပ်မယ်ထင်ပါတယ်။
ဒါမယ့် တစ်မျိုးဖြည့်တွေးကြည့်မယ်ဆိုရင်တော့လည်း ဒီစာလုံးကို ကိုယ်တွေမြန်မာဘာသာနဲ့ မွေးစားပြီး ဗီနိုင်းလို့ ခေါ်‌ေဝါ်ရင်းက ဗီနိုင်းဖြစ်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Learn English with Kitt (Burmese book)Where stories live. Discover now