"Beat around the bush"

307 28 2
                                    



Beat around the bush

ကစ် ဘောပွဲကြည့်မလို့ idiomအလွယ်လေးတစ်လုံးပဲ အရင်တင်ပေးလိုက်မယ်နော် 😁

Beatက ရိုက်သည်/နှက်သည် မလား
Around the bushဆိုတာ ချုံနွယ်/ချုံပုတ်ရဲ့ ပတ်လည်ပေါ့နော် 😆

       Beat around the bush ဆိုတာကတော့
" ကွေ့ဝိုက်နေတယ် /လိုရင်းရောက်ဘူး" ဆိုတဲ့အဓိပ္ပာယ်ပါ ။

Stop beating around the bush and just get to your point!

" ကွေ့ဝိုက်မနေဘဲနဲ့ နင့် လိုရင်းကိုပဲ ပြော " ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ကိုယ်စိတ်မရှည်ချင်လောက်အောင်ကို တဖက်လူက အချိန်တွေဆွဲပြီး လိုရင်းမရောက်နိုင်အောင် စကားတေရှည်နေတဲ့အခါမျိုးမှာ စကားဖြတ်တဲ့အနေနဲ့ အသုံးပြုတတ်ကြပါတယ် ။

နောက်ထပ်တစ်မျိုးလေး exampleထဲပါလာလို့ ပြောပြပေးချင်တာက

" Get to the point / shot to the point " ပါ

" လိုရင်းကို တန်းသွား/တန်းပြော/တန်းလုပ်" ဆိုတဲ့ အဓိပ္ပာယ်မျိုးပါ ။

Bushနဲ့ ပက်သက်တဲ့ နောက်အသုံးလေးတစ်ခုကတော့ bushyဖြစ်ပါတယ်

Bushyရဲ့ အဓိပ္ပာယ်က "ထူထပ်"တာပါ

Bushy moustacheဆို နှုတ်ခမ်းမွှေးထူထူ
Bushy eyebrowဆို မျက်ခုံးမွှေးထူထူလို့ ပြောပါတယ်

အမွှေးအမျှင် ထူထဲတဲ့ သူတွေကိုလည်း bushy man/person ဆိုပြီး သုံးနှုန်းပြီးခေါ်တတ်ပါတယ်။
ယဉ်ကျေးတဲ့အသုံးအနှုန်းတော့မဟုတ်ဘူးပေါ့နော်။

" He's such a bushy man" ဆို
အဲ့လူက အမွှေးထူလိုက်တာ ဆိုပြီး ပြောသလိုဖြစ်တာပေါ့ 😁



I guess that's all for now. 👐
Thank you for your time par shin.

With love,
Kitt.


Learn English with Kitt (Burmese book)Where stories live. Discover now