အပိုင်း ၁၁

Start from the beginning
                                    

ငါ့သမီးကိုလည်း နင့်သားနဲ့ ပေး,မနေပါဘူး!

ယဲ့ချင်းသည် ပူနွေးနေသော နေ့လယ်စာဘူးနှစ်ဘူးကို ကိုင်ထားလျက် အပြုံးလေးနှင့် ကြည့်နေလိုက်သည်။ သူမ အဒေါ်နှစ်ယောက်၏ အတွေးများသည် သူမတို့မျက်နှာတွင် ရှင်းရှင်းလင်းလင်း ပေါ်နေသည်လေ။

မှန်သည်။ ဒရာမာဆိုသည်မှာ လူကိုယ်တိုင် ကြည့်ရသည်မှာ ပိုကောင်းပါ၏။

ရောဂါအကြောင်း လိမ်လည်ပြီး မိသားစုနှစ်စုလုံးကို သူမ၏တိုက်ခန်းနှင့်အတူ ချည်နှောင်ထားမည့် သူမ၏အတွေးသည် ပညာသားပါလှပေသည်။ သူမ၏ငြီးငွေ့စရာကောင်းသည့် ဘဝကြီးတွင် ပျော်ရွှင်စရာများ တိုးလာသည်လေ။

"တကယ်တော့ ကောလိပ်ပြီးတာနဲ့ မြို့ကြီးမှာနေဖို့ နေရာရှာရတာ အရမ်းခက်တယ်။
အဲဒါကို ကျွန်မ သေချာပေါက် နားလည်ပါတယ်။ ဝမ်းကွဲနှစ်ယောက်လုံးကို ကျွန်မလည်း ခေါ်ထားချင်ပါတယ်။" ဟု ယဲ့ချင်းသည် အရိုးသားဆုံးသော လေသံဖြင့် ဆိုလိုက်သည်။

ထို့နောက် သူမသည် အပြုံးလေးကို ဖယ်ကာ ခက်ခဲနေသည့် အကြည့်ဖြင့် "ဒါပေမဲ့...ကျွန်မကွန်ဒိုကို အငှါးတင်ထားပြီးပြီ..."

အဒေါ်နှစ်ယောက်လုံး : "ဘာ?!"

ယဲ့ချင်းသည် "အဒေါ်တို့၊ ဒီနှစ်တင်ပဲ ကျွန်မနေရာကို ပြုပြင်မွမ်းမံပြီးသွားတယ်ဆိုတာ အဒေါ်တို့ သိဖို့လိုတယ်။
အိမ်ဝယ်တာနဲ့ ပြင်ဆင်တာအတွက် ကျွန်မရဲ့ စုငွေအားလုံးကို သုံးခဲ့ရတယ်လေ။
ကျွန်မမှာ စုငွေရော အလုပ်ရောမရှိတော့ဘူး။
ပြီးတော့ ကျွန်မရဲ့နေ့စဉ်ဘဝနဲ့ ဆေးဝါးအတွက် ပိုက်ဆံလိုအပ်တယ်လေ။
ဒါကြောင့် ကွန်ဒိုကို အငှါးတင်ပြီး ဝင်ငွေနည်းနည်းနဲ့ ရှင်သန်နေထိုင်ဖို့ကလွဲရင် တခြား ရွေးချယ်စရာမရှိတော့ပါဘူး။..." ဟုပြောရင်း သူမအသံသည် ဝမ်းနည်းခြင်းတို့ ပြည့်နှက်လာ၏။

သူမပြောသမျှဟာ အဓိပ္ပါယ်ပြည့်ဝနေသည်။ အဒေါ်နှစ်ယောက်လုံးသည် မည်သို့ပြန်ပြောရမည်မှန်း မသိသော်လည်း ယခု လာရသည့် ရည်ရွယ်ချက်သည် မဖြစ်မြောက်နိုင်တော့သည့်အတွက် အလွန်ပျော်နေပုံ မရပေ။

အသွင်ပြောင်းသားရဲလေးတွေရဲ့ မေမေ (ဘာသာပြန်)Where stories live. Discover now