အပိုင်း(၂၄)ဇာတ်သိမ်း

1K 111 37
                                    

"တော်လိုက်တာ အချစ်က"

"အချစ်"

ဆူးလ်ဂီမတ်တပ်တောင်ဆက်မရပ်နိုင်တော့လို့ ထိုင်ချလိုက်သည်။ ဂျူဟျွန်းကစကားလေးနှစ်ခွန်းနဲ့တင်
လူကိုရူးသွားအောင်လုပ်နိုင်တာပဲ။ စန္ဒယားတီးပြီးအနားကိုပြန်ရောက်လာတဲ့ဆူးလ်ဂီခေါ်တာ "အချစ်"တဲ့။

"အင်း.. တစ်ခါလောက်ခေါ်ကြည့်ချင်လို့"

"အမြဲခေါ်လည်းရပါတယ်"

"လူလည်"

မျက်စောင်းလှလှလေးကကိုအပိုဆုရသည်။
ဒီအမျိုးသမီးကိုချစ်ရလွန်းလို့ခက်ရချည်ရဲ့။

"ဒိုင်း....."

"ဘာဖြစ်တာလဲမသိဘူး။ ဂျူဟျွန်းဒီမှာနေခဲ့နော်"

"မသွားနဲ့ဆူးလ်"

ရုတ်တရက်ဆိုင်ထဲမှာရှိသည့်လူအားလုံးလည်း အကြောက်အလန့်ဖြစ်ကုန်သည်။ ကျယ်လောင်လှသည့်သေနတ်သံက ဆိုင်အတွင်းမှာကြားရခြင်းဖြစ်သည်။ ဆူးလ်ဂီတို့လူကွယ်ရာမှာထိုင်သောကြောင့် အဖြစ်အပျက်ကိုသေချာမသိရ။ ဆူးလ်ဂီသွားကြည့်မည်ဟုဆိုတော့ ဂျူဟျွန်းကတားသည်။

"ရှိတာအကုန်ထုတ်"

"ဂျပန်ပုလိပ်တွေ ဂျူဟျွန်း။ သေနတ်တွေပါပါတယ်"

"သူတို့တပ်ပြေးလုပ်ခဲ့ပုံပဲ။ ဒီလိုသင်တန်းသားရဲဘော်အဆင့်နဲ့သေနတ်ကိုင်ခွင့်မရှိဘူး"

ဂျူဟျွန်းကစေ့စပ်၍အခြေအနေကိုအကဲခတ်နိုင်သည်။

"သိပ်မကြာခင် သူတို့ကိုဖမ်းဖို့ဂျပန်တပ်တွေရောက်လာတော့မှာပါ"

"လူတွေအကုန်ဒီမှာစုကြစမ်း"

စားပွဲဝိုင်းတွေကိုထောင့်တွေသို့ကပ်လိုက်ပြီး အလယ်တွင်လူအားလုံးကိုစုခိုင်းသည်။ ဆူးလ်ဂီတို့အပါအ၀င်လူအယောက်နှစ်ဆယ်‌ကျော်ရှိပြီး အများစုဟာအမျိုးသမီးများဖြစ်သည်။

"ပါလာတဲ့ပိုက်ဆံတွေနဲ့ လက်၀တ်ရတနာတွေချွတ်"

တပ်ပြေးဖြစ်၍ဒီမြေကနေထွက်နိုင်ရန် ပိုက်ဆံလိုသည်။ လိုသည့်ငွေကိုဒီလိုနည်းဖြင့်ရှာသည်။ သေနတ်ကိုလည်းကျွမ်းကျင်စွာကိုင်တတ်ပုံမပေါ်။ ဆူးလ်ဂီတို့အနားသို့ ဂျပန်တစ်ယောက်ရောက်လာသောကြောင့် ဂျူဟျွန်းလက်ကိုဆူးလ်ဂီတင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။

Bring My Soul To The UniverseWhere stories live. Discover now