အပိုင်း(၆)

610 109 17
                                    

"တို့အိမ်မှာပဲနေတော့မှာလား ဆူးလ်ဂီ။ မင်းနေမယ်ဆိုရင်လည်း တို့ကကြည်ကြည်ဖြူဖြူခွင့်ပြုပါတယ်"

ဆူးလ်ဂီမျက်နှာကိုစေ့စေ့ကြည့်ရင်းပြောလိုက်တဲ့မဒမ်ရဲ့စကားကြောင့် ဆူးလ်ဂီဆတ်ခနဲမတ်တပ်ရပ်လိုက်သည်။
မဒမ်ဟာဘယ်လောက်တောင် ပိုင်စိုးပိုင်နင်းနိုင်လိုက်သလဲ။ သူ့ရဲ့အကြည့်တွေ အပြောတွေနဲ့ဆူးလ်ဂီကိုချည်နှောင်နေတာပဲ။ မဒမ်က သိပ်ကိုအန္တရာယ်များတဲ့အမျိုးသမီးတစ်ဦး။
နောက်များဖြင့် ဆူးလ်ဂီ မဒမ်နဲ့အကြည့်ချင်းမဆုံအောင်သတိထားရမယ်။

"မဟုတ်.."

"တကယ် ဆမ်ကိုအိမ်ခေါ်ထားမှာလား ဟျွန်းနီ"

ဆူးလ်ဂီအငြင်းစကားမဆုံးခင် အားရ၀မ်းသာပြောလာတဲ့ချယ်ယောင်းလေးရဲ့စကားကြောင့်
ဆူးလ်ဂီရင်ထဲအပူပေါ်အပူဆင့်သွားသည်။
မဒမ်နဲ့သာတစ်အိမ်တည်းအတူနေရရင် ဆူးလ်ဂီနှလုံးရပ်ပြီးသေသွားမှာပဲ။

"သူစိတ်ရှိရင်ပေါ့ကွယ်"

"ဆမ် မနေပါဘူး ချယ်ယောင်းလေးရဲ့"

"ဆမ် သာလာနေရင်ယောင်းကပျော်မိမှာ"

စိတ်မကောင်းဖြစ်သွားတဲ့ ချယ်ယောင်းလေးရှေ့ကို
ဆူးလ်ဂီဒူးထောက်လိုက်သည်။ ပထမဆုံးအကြိမ်တွေ့ဆုံသည်ဖြစ်သော်လည်း ချယ်ယောင်းလေးက ဆူးလ်ဂီအပေါ်သာမန်ထက်ပို၍တွယ်တာနေသည်။

"ဆမ်က နေ့တိုင်းစာလာသင်ပေးမှာလေ ယောင်းလေးရဲ့။စာသင်ပြီးရင်ယောင်းလေးနဲ့အတူ ပုံဆွဲလည်းလေ့ကျင့်ကြမယ်လေ"

"တကယ်.. ကတိ"

"ကတိ"

လက်သန်းချင်းချိတ်ကာ ကတိပြုလိုက်တော့
ချယ်ယောင်းလေးကဆူးလ်ဂီပါးကိုဖြတ်ခနဲနမ်းသည်။ မထင်မှတ်ထားသော ဆူးလ်ဂီအံ့ဩသွားရပြီး တစ်ဆက်တည်းမှာပင်ကြည်နူးစိတ်ဖြစ်နေသည်။

"ဟျွန်းနီ ယောင်းအခန်းထဲကပန်းတွေညှိုးသွားရင်
ကျူးလစ်ဝါတွေပဲပြန်ဝယ်ပေးနော်။ ဒီတစ်ခါတော့နှစ်စည်း၀ယ်ပေး။ တစ်စည်းကို ဆူးလ်ဂီဆမ်ကိုပေးချင်လို့"

ဆူးလ်ဂီအတွက်ပါတွေးပေးနေသော ချယ်ယောင်းလေးကြောင့် ဆူးလ်ဂီပြုံးမိသည်။

Bring My Soul To The UniverseWhere stories live. Discover now