အပိုင်း(၁၈)

486 92 29
                                    

"Morning တီဂျိန်း"

"Morning ပေါက်စလေး"

မနက်ခင်းထမင်းစားပွဲတွင် လူစုံတက်စုံရှိနေသည်။
ဂျူဟျွန်းမျက်နှာချင်းဆိုင်တွင် ဆူးလ်ဂီထိုင်နေပြီး
ချယ်ယောင်းလေးကိုမနက်စာသေချာကျွေးနေသည်။ ဂျိန်းလည်း ဂျူဟျွန်းဘေးမှာ၀င်ထိုင်လိုက်ကာ
ယွန်းဟီလာချပေးသည့်ကာဖီတစ်ငုံသောက်လိုက်သည်။ဂျူဟျွန်းကတော့သတင်းစာကိုသာ စိတ်၀င်စားစွာဖတ်နေသည်။

"ဟယ် ! ! !"

ရုတ်တရက်ဂျိန်းရဲ့အာမေဍိတ်သံကြောင့် အားလုံးကဂျိန်းဆီအကြည့်ရောက်နေသည်။

"ဘာဖြစ်တာလဲ ရူဘီဂျိန်းရယ် အလန့်တကြား"

"ဒီမှာလေ"

ဂျူဟျွန်းလက်ထဲမှသတင်းစာ ပထမဆုံးစာမျက်နှာကို ဂျိန်းလက်ညှိုးထိုးပြတော့ ဂျူဟျွန်းကဘာမှမဖြစ်သလို။

"ဘာလို့ ဥက္ကဌယွန်းကအဖမ်းခံရတာလဲ"

"သိချင်ရင် သွားမေး"

ဒီဖြစ်ရပ်အရင်းအမြစ်ကို ဂျူဟျွန်းသိရဲ့သားနဲ့။
ဥက္ကဌယွန်းဆိုတာ ဂျူဟျွန်းရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်။ ဂျိန်းကလည်း ယူအက်စ်မှာရှိနေသည့်
ဂျူဟျွန်းရဲ့အလုပ်တချို့တစ်၀က်ကိုဦးစီးနေရသည်ဆိုသော်လည်း ကိုရီယားမှာရှိသည့်လုပ်ငန်းရှင်တချို့ကိုတော့သိသည်။
ဂျိန်းကြားသိရသလို ဥက္ကဌယွန်းနဲ့ဂျူဟျွန်းက တကယ်ပဲ ဆိုးလ်မှာဆောက်လုပ်မည့်ဟိုတယ်နေရာ၏မြေကိစ္စကြောင့် အချင်းပွားခဲ့ကြဝာာလား။
ဂျူဟျွန်းကတော့ စကားအများကြီးပြောနေမည်မဟုတ်တာကိုသိသည်။ သူ့စိတ်ရှိရာလုပ်ဖို့အတွက် ဥက္ကဌယွန်းကိုဖြုတ်ချလိုက်လေသလား။

"တော်တော်မိုက်တဲ့သူပဲ။ ဘယ်ဂျူဟျွန်းကိုမှ စိန်ခေါ်ရတယ်လို့။ အခုတော့ ထောင်ထဲမှာပဲလက်ကျန်ဘ၀ကိုဖြတ်သန်းတော့ပေါ့လေ။ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲသနားမနေတော့ဘူး"

အစ်မဂျိန်းက ခပ်ဆဆရေရွတ်ရင်း မနက်စာကိုသာဆက်စားနေသည်။ အကြောင်းအရင်းကို ဆူးလ်ဂီမသိပေမဲ့လည်း ဂျူဟျွန်းကိုထိပါးလာသည့်လူတိုင်း ကောင်းသောဇာတ်သိမ်းမဟုတ်ပါ။

Bring My Soul To The UniverseWhere stories live. Discover now