အပိုင်း ၁၀

Start from the beginning
                                    

ငါးမိနစ်အကြာတွင် အကြီးဆုံးနှင့် ဒုတိယအဒေါ်တို့သည် မိနစ်ပိုင်းအတွင်းပင် တစ်ယောက်ပြီးတစ်ယောက် ထမင်းဘူးများ ကိုင်ဆောင်လာကာ သူမ၏ ခြံဝင်းထဲသို့ ဝင်လာကြသည်ကို တွေ့လိုက်ရသည်။

ယဲ့ချင်းသည် မတတ်နိုင်တော့ဘဲ သက်ပြင်းသာ ချလိုက်တော့သည်။
မြို့ကြီးတစ်ခုရှိ အိပ်ခန်းနှစ်ခန်းနှင့် ရေချိုးခန်းတစ်ခန်းပါ ကွန်ဒိုတစ်ခန်းသည် ဤမျှလောက် ဆွဲဆောင်နိုင်ပေသည်။

ရင်ထဲထိသွားကာ ယဲ့ချင်းသည် ၎င်းတို့ဆီမှ ထမင်းဘူးကိုယူလိုက်ပြီး နှစ်​ဘူးလုံးကို ဖွင့်ကြည့်လိုက်သည်။ ၎င်းတို့ ဘယ်လောက်တောင် ပြည့်စုံနေသည်လည်းဆိုသည်ကို ကြည့်ရင်း သူမသည် နှစ်ခြိုက်သဘောကျသွားသည်။

အဒေါ်နှစ်ယောက်လုံးသည် အိမ်ရှင်မများ ဖြစ်လာကြသည်မှာ နှစ်ဆယ်ချီနေပြီဖြစ်သည်။ သူမတို့၏ ချက်ပြုတ်မှုသည် စားသောက်ဆိုင်ရှိ စားဖိုမှူးခေါင်းဆောင်တိုင်းနှင့် လုံးဝ လက်ရည်တူ ယှဉ်ပြိုင်နိုင်ပေသည်။

ယဲ့ချင်းသည် ဖော်ရွေစွာပင် "ကျေးဇူးအများကြီးတင်ပါတယ်၊ အန်တီကြီးနဲ့ ဒုတိယအန်တီ။
ကျွန်မ ဒီည တစ်ဘူးစားပြီး နောက်တစ်ဘူးကို မနက်ဖြန်နေ့လည်စာအတွက် သိမ်းထားလိုက်မယ်လေ။
အဲဒါကို မိုက်ခရိုဝေ့ဖ်ထဲမှာပဲ အပူပြန်ပေးရုံပဲဆိုတော့။"

ဒုတိယအဒေါ်သည် အလွန်ဖော်ရွေပုံပင်။ သူမသည် အန်တီကြီးကို အပြုံးတစ်ပွင့် ပေးလိုက်ပြီး ပြောလိုက်သည်။
"ယောင်းမ ညစာ ယူလာမယ်ဆိုတာ ကျွန်မ သိခဲ့ရင် မနက်ဖြန်အတွက် နေ့လည်စာပဲ ယူလာမှာပေါ့။ နောက်နေ့တွေ အားချင်းကို အကျန်တွေ မစားစေချင်ဘူး မဟုတ်လား?
အခုကစပြီး ယောင်းမက ညစာကို ဂရုစိုက်ပြီး ကျွန်မက နေ့လည်စာအတွက် တာဝန်ယူလိုက်ရင်ရော ဘယ်လိုလဲ?"

အဒေါ်ကြီးသည် ဒုတိယအဒေါ်ကို စိတ်မချမ်းသာစွာကြည့်လိုက်ကာ အသိအမှတ်ပြုသလို အသံပေးလိုက်သည်။

ယဲ့ချင်းတွင် အသက်ရှင်ရန် နောက်ထပ်တစ်နှစ်ကျန်သေးသောကြောင့် အလျင်လိုစရာမရှိပေ။ သူမသည် အချိန်တစ်ခုကြာလောက် ဒုတိယအဒေါ်၏မိသားစုနှင့် ပူးပေါင်းကာ နောက်ဆုံးကျန်သည့်လတွင် တစ်ခုခုကို အဖြေရှာနိုင်လိုက်သည်နှင့် အဆင်ပြေမည်ဖြစ်သည်။

အသွင်ပြောင်းသားရဲလေးတွေရဲ့ မေမေ (ဘာသာပြန်)Where stories live. Discover now