26 - 1

16.2K 1.2K 99
                                    

[Z]

နှုတ်​ခမ်းပါးနှစ်​လွှာကြားတွင်​ ခဲထား​သော
စီးကရက်​၏အနံ့အသက်​များသည်​ အခန်းအတွင်း
တစ်​လွင့်​လွင့်​တစ်​လူလူ ၊ မျက်​လုံး​လေးဖွင့်​ကြည့်
လိုက်​မိသည်​နှင့်​ မိမိနိုးသွားတာကိုမြင်​သွားသည့်
ထို​ယောက်ျားက ​ဆေးလိပ်​ကိုပျာခွက်​ထဲချက်​ချင်း
ဖိ​ချေပစ်​လိုက်​သည်​ ။

ဂျွန်​​စေတန်​လိုလူက ​ဆေးလိပ်​​သောက်​တာကို
ခိုး​ကြောင်​ခိုးဝှက်​ လုပ်​​နေရရှာတာကိုသိရ​တော့
ရယ်​ချင်​မိသားရယ်​ ။ အတူ​နေပြီးတဲ့အချိန်​တိုင်း
ဆေးလိပ်​​သောက်​တတ်​တာ သူ့အကျင့်​တစ်​ခု
ဖြစ်​လာလိမ့်​မည်​ထင်​ပါသည်​ ။

အခုထယ်​​ဟျောင်းက​စောင်​​အောက်​တွင်​ အဝတ်​မဲ့​သော
ခန္ဓာကိုယ်​ဖြင့်​ရှိ​နေတာဖြစ်​ပြီး ​စေတန်​ကသူ့​ဘေးတွင်
ကုတင်​​ခေါင်းရင်းကိုမှီ၍ ထိုင်​​နေတာဖြစ်​သည်​ ။
နက်​ပြာ​ရောင်​တီရှပ်​နှင့်​အတူ ​စောင်​အတွင်းက
မိမိ​ခြေ​ထောက်​​တွေနဲ့ထိ​နေ​သော ​စေတန့်​​ခြေ​ထောက်
တွေမှလည်း ​ဘောင်းဘီဝတ်​ထားတာကိုခံစားမိ၍
သူကအဝတ်​လဲထားပြီးပြီဖြစ်​​ကြောင်း သိလိုက်​သည်​ ။

"သန့်​ရှင်း​ရေးလုပ်​​ပေးထားပြီးပြီ
လွတ်​လွတ်​လပ်​လပ်​အိပ်​လို့​ရ​အောင်​ လို့
အဝတ်​​တွေဝတ်​မ​ပေးထား​သေးတာ .."

မိမိကိုငဲ့ကြည့်​၍​ပြော​နေ​သော သူကိုကြည့်​ပြီး
ထယ်​​ဟျောင်း၏မျက်​နှာ​လေးဟာ အ​ရောင်​ရင့်​လာ၏ ၊
အဘယ်​​ကြောင့်​ဆို​သော်​ ဘာမှလုပ်​မထားသလို
နေ​နေသည့်​ ဂျွန်​​စေတန်​​ကြောင့်​​လေ !

သူမသိဘူးများထင်​​နေလား ၊ သူအိပ်​​နေတုန်းက
စေတန်​ အိပ်​​နေတဲ့သူ့ကို ​နောက်​တစ်​ကြိမ်​ ထပ်​ပြီး !!

"သူခိုး !"

ထယ်​​ဟျောင်းထိုတစ်​ခွန်းကို​ပြောပြီး မျက်​နှာ​လေးကို
အောက်​ငုံ့ထားလိုက်​သည်​ ။ ​စေတန်​က​တော့ သူ့အား
နားမလည်​သလိုမျက်​နှာ​ပေးဖြင့်​ စိုက်​ကြည့်​​နေ​ပြီးမှ
တစ်​ခုခုကိုအ​ဖြေရှာရသွားဟန်​ မျက်​ခုံးများကပြန်​လည်
ပြေ​လျော့သွားသည်​ ။ ထို့​နောက်​​ပြောသည်​က ၊

A MAN(SATAN'S DIARY)//KV[COMPLETED]Όπου ζουν οι ιστορίες. Ανακάλυψε τώρα