ရောင် လည်း အချိန်တွေ မဆွဲတော့ဘဲ ဒီအချိန်ကို အခွင့်ကောင်း
ယူပြီး သူမ သူငယ်ချင်းတွေကို ချက်ချင်းတံခါးဖွင့်ပေးလိုက်လေ
သည်။
ကမ်းခြေရောက်တဲ့ အထိ တိုက် မျက်နှာကြီးက
မှုန်သုန်နေလေသည် ခုဏက အခန်းထဲက ကိစ္စကြီးကို
ဘာမှ မဘာလိုက်ရတဲ့အတွက်ပင်။
ရောင်ကတော့ တိုက်မျက်နှာကြီးကို ကြည့်ပြီး သဘောတွေ
ကျနေလေသည်။
ဒီလိုနဲ့ရောင်တို့အဖွဲ့ ငပလီမှာ ဆယ်ရက်လောက်အဝ
နေပြီးမှ ရန်ကုန်ကို ပြန်လာကြသည်။
"""ပန်းနုရော့ မင်းရဲ့ နစ်နာကြေး ""
"ဒီနေ့ပဲ မင်းအလုပ်ထွက်တော့ """
""ဟင်...ဘော့စ်""
""ပန်းနု ဘာလုပ်မိလို့လဲ ""
"" ပန်းနု ကို အခုလို အလုပ်ထုတ်ရအောင်"""
""ဘာလုပ်မိလို့လဲ ဟုတ်လား ""
""ရော့ဒီမှာ မင်းနဲ့ ဦးငွေခင်ပူးပေါင်းထားတဲ့ သက်သေတွေ""
""အဲ့ဒါတွေနဲ့ မင်းကို ငါထောင်ထဲထည့်လို့ရတယ်သဘော
ပေါက်"""
ပြောရင်းနဲ့ သူမ လက်ထဲကို ဓာတ်ပုံတွေ အထပ်လိုက်
ပေးလိုက်သောဘော့စ်ရဲ့ လုပ်ရက်ကြောင့်ပန်းနု
ဆွံ့အသွားလေသည်။
ဘာလို့လဲဆို ဒီပုံထဲမှာ သူမ နဲ့ ဦးငွေခင်တရင်းတနှီး
စကားပြောနေတာတွေ ၊နောက်ပြီးရောင်ခြယ်လင်း ကို
သူမ အိပ်ဆေးခတ်ပြီး ဦးငွေခင်ဆီ သွားပေးတဲ့ ပုံတွေကို
ပန်းနုတွေ့ပြီး လူကသွေးပျက်သွားလေသည်။
""ဟို......ဟို....ပန်းနုတောင်းပန်ပါတယ်ဘော့စ်"""
"" ပန်းနု ကိုထောင်ထဲမထည့်ပါနော်""
""အဟား.....မင်းအလှည့်ကျတော့သွေးပျက်နေပါ့လား
ပန်းနု ငါ့မိန်းမကို မင်းလုပ်တုန်းကတော့ မင်းဒီလို
မကြောက်ပါလား မင်းပုံစံက .....ဟွန့်""
အသက်မပါဘဲမေးရိုးကြောတွေထောင်ပြီး ရယ်နေ တဲ့
ဘော့စ်ပုံစံကို ပန်းနု ကြည့်ပြီး လူကဇောချွေးတွေပြန်လာ
လေသည်။
""ရော့...ငါပေးတဲ့ သုံးလစာနစ်နာကြေးကို ယူပြီး
ဒီကုမ္ပဏီက ဒိုးလိုက်တော့
ငါ့ကုမ္ပဏီမှာ မင်းမျက်နှာကို တစ်စက်ကလေးမှ မမြင်ချင်ဘူး ""
""မင်း ကံကောင်းတယ်မှတ်ရောင်က မင်းညီမလေး စိမ်းနု
ကို သနားပြီး မင်းကို အခုလိုထောင်ထဲကို မပို့ခိုင်းတဲ့
အတွက်ငါ့စိတ်နဲ့ ငါ့သာဆို မင်းကိုထောင်ထဲမှာ ဘဝပျက်
သွားအောင်လုပ်ပစ်မယ်"""
YOU ARE READING
အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)
Romanceမင်းကို ငါ အရမ်းမုန်းတယ် ဖက်တီးမ ဒါပေမဲ့ မုန်းတယ်ပြောပြီး မင်းက ငါ့ စိတ်ထဲ ရှိနေရတာလဲ ဖက်တီးမ
Part - 28 Final part ( Zg + Uni)
Start from the beginning
