""ဂျော်နီ မင်းအထဲ မသွားဘူးလား
ဘာလို့အပြင်မှာ ထိုင်နေတာလဲ ""
""ကိုကြီးဂျော်ကာ ကလည်း အထဲမှာ သုံးတွဲရိုနေတယ်
ကျတော် ဘယ်လိုကြည့်နိုင်မှာလဲ
ကျတော် မခံစားနိုင်ဘူး
ဒါကြောင့် ကျတော် အပြင်မှာ လာထိုင်နေတာ ""
ဒီနေ့ ဂျော်ကာ ဘော့စ်အိမ်လာတုန်း သူရဲ့ညီ ဂျော်နီက
သူ့ထက်အရင် ဘော့စ်အိမ်ရောက်နေတာတောင်
အိမ်ထဲ မဝင်ဘဲ ခြံရှေ့မှာ ထိုင်နေတာကြောင့် ဂျော်ကာ
အခုလို မေးလိုက်ခြင်းဖြစ်သည်။
ဘော့စ်ကိုလည်း သူ နားမလည် သူတို့နှစ်ယောက်ကို
ဘော့စ်မိဘရဲ့ အိမ်မှာနေခိုင်းတာ အတော်ကြာနေပြီ။
""မင်း ပြောတာ ငါ မယုံဘူးကွာ
အထဲသွားကြည့်လိုက်အုံးမယ် ""
သူ့ညီစကားကို ဂျော်ကာ မယုံဘဲ အိမ်ထဲကို ဇွတ်ဝင်
လာခဲ့ရာ နောက်ကနေ သူ့ညီဂျော်နီရဲ့ စကားသံကလည်း
လိုက်ပါလာခဲ့သည်။
""နေနေ ကိုကြီးဂျော်ကာ
ပြီးကျမှ ဂျော်နီ ကယ်ပါအုံး လာမလုပ်နဲ့ ဆောရီးပဲ ""
ဧည့်ခန်းမှာ စပျစ်သီး တစ်တွဲကို နေသွေး ကကိုင်ပြီး နှစ်ယောက်တူတူ နှုတ်ခမ်းချင်းပူးမတတ်စားနေသော
နေသွေးနဲ့  သုသု ကြောင့် လူပျိုကြီးဂျော်ကာ
ရှက်ပြီး ရေတွေဆာလာပြီး ချက်ချင်းဆိုသလို မီးဖိုခန်းထဲ ပြေးလိုက်ရသည်။
မီးဖိုခန်းထဲ ရောက်တော့လည်း ဘေ့စင်မှာ kissing
ဆွဲနေကြတဲ့ သုတ နဲ့ ပန်ဆုဝေ တို့ကြောင့်
ဂျော်ကာ ထူပူပြီး အမြန်ပင် ပြေးထွက်လာခဲ့ရသည်။
လိုက်လည်း လိုက်ပါသည် အဲ့ဒီနှစ်တွဲစလုံး
သူ လာတာတောင် အရှိန်ပျက်မသွားဘဲ ရိုနေလိုက်ကြပုံများ
တွေးရင်းနဲ့ ဂျော်ကာ ကြက်သီးထမိလာပြီး အပေါ်ထပ်ကို
အမြန်ပြေးတက်လိုက်ရသည်။
လှေကားထစ်ဆုံးတော့ လှေကားထိပ်ဝမှာ ဘော့စ်က
အသေးလေးရဲ့ နှုတ်ခမ်းကို အငမ်းမရ စုပ်ယူနေတဲ့
မြင်ကွင်းကို ဂျော်ကာ တွေ့လိုက်ရတာကြောင့်
သူရဲ့ ဒူးတွေက မခိုင်ချင်လာတော့ပေ။
ယိုင်တိုင်တိုင် ဖြစ်သွားပြီး မျက်စိ မှိတ်တာတောင်
ဘော့စ်ရဲ့ အနမ်းကျွမ်းကျင်နေတဲ့ ပုံစံက သူ့မျက်စိထဲ
ပေါ်လာတာကြောင့် ဂျော်ကာ ကြက်သီးတွေ ထနေလေသည်။
YOU ARE READING
အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)
Romanceမင်းကို ငါ အရမ်းမုန်းတယ် ဖက်တီးမ ဒါပေမဲ့ မုန်းတယ်ပြောပြီး မင်းက ငါ့ စိတ်ထဲ ရှိနေရတာလဲ ဖက်တီးမ
Part - 28 Final part ( Zg + Uni)
Start from the beginning
