""ကိုကို.. ""
သူငယ်ချင်းတွေရော ရှိနေတဲ့ ကြားထဲမှာ ဖြေလိုက်သော
တိုက် အဖြေကြောင့် ရောင် စိတ်တိုပြီး တိုက် ကို
အကျယ်ကြီးခေါ်လိုက်ကာ လက်က တိုက်ရဲ့ ခါး ကို
ဆွဲလိမ်ပစ်လိုက်သည်။
""အား.. နာတယ်.. နာတယ် ဘေဘီကလည်း ""
တိုက် ကို နိုင်သော ရောင် ကို ပန်ဆုဝေနဲ့ သုသု
တို့ က သဘောတွေကျပြီး သူတို့ ဘဲတွေကိုလည်း
တွေ့တယ်နော် ဆိုတဲ့ အကြည့်နဲ့ ကြည့်ပစ်လိုက်သည်။
""ဟားဟား.. ဟားဟား ""
တိုက် အဖြစ်ကို ရယ်နေတဲ့ နေသွေးနဲ့ သုတ မှာလည်း
သူတို့ကောင်မလေးတွေရဲ့ အကြည့်ကြောင့် ရယ်တာပင် တန့်သွား
ပြီး မျက်နှာကြီးက သုန်မှုန်သွားလေသည်။
""ဘေဘီ ကိုယ့်ကို လွှတ်ပေးပါအုံး ""
"" ကိုယ် နာလို့ပါ ""
ထိုအခါကျမှ ရောင်လည်း တိုက် ကို လွှတ်ပေးပြီး
နောက်တစ်ခါ အဲ့ဒီစကား ပြောရဲပြောကြည့် သေသွား
မယ်ဆိုတဲ့ မျက်လုံးနဲ့ ကြည့်နေလိုက်သည်။
တိုက် လည်း ရောင် ရဲ့ အကြည့်ကို အထာနပ်စွာ
ချက်ချင်းဆိုသလို နောက်တစ်ခါ အဲ့ဒီလို မပြောတော့ပါဘူး ဆိုပြီး ခေါင်းတွေ ယမ်းပြနေလေသည်။
""မင်းတို့နှစ်ယောက် ငါ့ရဲ့ဘေဘီက မွေးမယ့်
ဘေဘီသေးသေးလေးတွေကို ထိန်းဖို့ ပြင်ထားပေတော့
ဒီနေ့ ကစပြီး ""
""ဘယ်နှယောက်လဲ ဘော့စ် ကျနော်တို့ ထိန်းရမှာ ""
ပြိုင်တူမေးလိုက်ကြတဲ့ ဂျော်ကာ နဲ့ ဂျော်နီ ကို
တိုက် တစ်ချက်ကြည့်ပြီး...
""အယောက်တစ်ရာ ""
""ဒါမှ အယောက်တစ်ထောင်လည်း ဖြစ်သွားနိုင်တယ် ""
""တိုက် မင်းကတော့နော် ငါ မပြောချင်ဘူး ""
""ပြောလိုက်ရင်.. ဟားဟား""
""အေး ငါလည်း မင်းလို ရယ် လိုက်အုံးမယ်
ဟားဟား ""
ပထမဆုံး နေသွေး ပြောလိုက်တဲ့ စကားကို အနောက်ကနေ
ထောက်ခံအားပေးနေသော သုတ ကြောင့် တိုက် တင်းသွား
လေသည်။
သုသု နဲ့ ပန်ဆုဝေ တို့မှာလည်း နေသွေးနဲ့ သုတလို
သဘောတွေကျပြီး ရယ်နေလေသည်။
ရောင် ကတော့ တိုက် စကားကြောင့် ရှက်တာရော
ရယ်တာရော ရောပြီး ရှက်ရယ် ရယ်နေမိသည်။
YOU ARE READING
အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)
Romanceမင်းကို ငါ အရမ်းမုန်းတယ် ဖက်တီးမ ဒါပေမဲ့ မုန်းတယ်ပြောပြီး မင်းက ငါ့ စိတ်ထဲ ရှိနေရတာလဲ ဖက်တီးမ
Part - 28 Final part ( Zg + Uni)
Start from the beginning
