""ဘေဘီ ကိုယ်တို့နှစ်ဖက်မိဘတွေက မြေးချီချင်နေပြီတဲ့ ""
အလုပ်က ပြန်လာတဲ့ တိုက် ကို ရောင် ပြေးကြိုလို့
မဆုံးသေး တိုက် ဆီက စကားကြောင့် ရောင် မျက်နှာ
တစ်ခုလုံး နီရဲသွားလေသည်။
"""ဘာဖြစ်နေတာလဲ ကိုကို ""
""ခြံထဲတောင် မရှောင်ဘူး ""
""နောက်ပြီး အသံကြီးကလည်း အကျယ်ကြီး ""
""ဒါဆို အခန်းထဲမှာ သွားပြောမယ်လေ """
""ကိုကို နော် ဘယ်လိုတွေဖြစ်နေတာလဲ
ညနေတောင် မစောင်းသေးဘူး ""
ရောင် ပြောတာပင် နောက်ကျသွားလေသည်
ကိုကို က ရောင့် ကိုယ်လေးကို အမြန် ပွေ့ယူလိုက်ပြီး
အိမ်ထဲပင် ဝင်သွားလေသည်။
အခန်းထဲရောက်တော့ တိမ်စိုင်တိုက် က ရောင်ခြယ်လင်းကို
ကုတင်ပေါ်အသာလေး ချပေးလိုက်ပြီး ထို့နောက်
ရောင်ခြယ်လင်းကို တိမ်စိုင်တိုက် ရွန်းရွန်းစားစားကြီး
စိုက်ကြည့်လိုက်ပြီး....
""ဘေဘီ ဘေဘီကို ကိုယ်အရမ်းချစ်တယ် ""
"" ငယ်ငယ်ကတည်းက အမုန်းတွေနဲ့ စတင်ခဲ့တဲ့
ကိုယ်က ဘေဘီကို ဘယ်အချိန်မှာ ဘယ်လို ချစ်သွား
လိုက်မှန်းမသိခဲ့ဘူး
တစ်ချိန်လုံး မုန်းတယ်မုန်းတယ် ပြောနေတဲ့ ကိုယ်က
အခုတော့ အဲ့ဒီအမုန်းတွေအစား ဘေဘီကို
အရမ်းတွေ ချစ်တယ် ချစ်တယ် ပြောချင်နေတာ
ဘေဘီ ယုံမလား မသိဘူး
ကိုယ် ဘေဘီကို မုန်းနေတဲ့ အချိန်မှာတောင် ကိုယ်ဘေးနား
မှာပဲ ဘေဘီကို နေစေချင်တယ် ""
တိုက်ရဲ့ ရီဝေဝေ အကြည့်တွေကြောင့် လူက ရင်တွေ
ခုန်ပါတယ်ဆိုနေမှ အခု တိုက်ရဲ့ စကားတွေကြောင့်
ရောင်ခမျာ ကျဆုံးပြီးရင်း ကျဆုံးနေလေသည်။
အဲ့ဒီလောက်ထိကို တိုက် က ညှို့ငင်နိုင်စွမ်းရှိသူပါ။
""ဘေဘီကို ကိုယ် အရမ်းချစ်တယ်
ဒီစကားကို ကိုယ် အကြိမ်တစ်ရာ အကြိမ်တစ်သောင်း
အကြိမ်တစ်သိန်း အကြိမ်ဘယ်လောက်နေနေ
ကိုယ် ပြောနေမှာ ဘာလို့လဲဆိုတော့ ဘေဘီကို
ကိုယ် အရမ်းချစ်လို့ ""
""ချစ်တယ်ကွာ ကိုယ်ရဲ့ ဘေဘီလေး ""
""အရမ်းအရမ်းကို ချစ်တယ် ""
ESTÁS LEYENDO
အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)
Romanceမင်းကို ငါ အရမ်းမုန်းတယ် ဖက်တီးမ ဒါပေမဲ့ မုန်းတယ်ပြောပြီး မင်းက ငါ့ စိတ်ထဲ ရှိနေရတာလဲ ဖက်တီးမ
Part - 28 Final part ( Zg + Uni)
Comenzar desde el principio
