""အဟား.....မင်းအလှည့်ကျတော့ သွေးပျက်နေပါ့လား
ပန်းနု ငါ့မိန်းမကို မင်းလုပ်တုန်းကတော့ မင်းဒီလို
မကြောက်ပါလား မင်းပုံစံက .....ဟွန့် ""
အသက်မပါဘဲ မေးရိုးကြောတွေ ထောင်ပြီး ရယ်နေ တဲ့
ဘော့စ်ပုံစံကို ပန်းနု ကြည့်ပြီး လူက ဇောချွေးတွေပြန်လာ
လေသည်။
""ရော့...ငါပေးတဲ့ သုံးလစာနစ်နာကြေးကို ယူပြီး
ဒီကုမ္ပဏီက ဒိုးလိုက်တော့
ငါ့ကုမ္ပဏီမှာ မင်းမျက်နှာကို တစ်စက်ကလေးမှ မမြင်ချင်ဘူး ""
""မင်း ကံကောင်းတယ်မှတ် ရောင် က မင်းညီမလေး စိမ်းနု
ကို သနားပြီး မင်းကို အခုလို ထောင်ထဲကို မပို့ခိုင်းတဲ့
အတွက် ငါ့စိတ်နဲ့ ငါ့သာဆို မင်းကို ထောင်ထဲမှာ ဘဝပျက်
သွားအောင်လုပ်ပစ်မယ် """
""ကျေးဇူးပါ ဘော့စ် ပန်းနု ကို အခုလို ထောင်ထဲကို
မပို့တဲ့အတွက် ""
""ညီမလေးရောင်ကိုလည်း ပန်းနု တောင်းပန်ပါတယ်လို့
ပြောပေးပါအုံး ပန်းနု နောင်တရသွားပါပြီ ဘော့စ် ""
""ပန်းနု ဘော့စ်ကို တောင်းပန်ပါတယ် ""
ပန်းနု နောင်တတွေရပြီး ဘော့စ်ကို တောင်းပန်စကား
ပြောနေတာတောင် တစ်ချက်ကလေးမှ ဘာမှမပြောတဲ့
ဘော့စ်ကြောင့် ပန်းနု စိတ်မကောင်းဖြစ်ရသည်။
ဒါပေမဲ့ ပန်းနု နားလည်ပါသည်။ပန်းနု က ခွင့်လွှတ်လို့
မရတဲ့ အလုပ်ကြီးကို လုပ်ထားတာကိုး
ပန်းနု နဲ့ဆို ဘယ်တော့မှ မတည့်တဲ့ ညီမ စိမ်းနု ကို
ပန်းနု ဒီတစ်ခါတော့ ကျေးဇူးတင်သွားသည်။
ဘာလို့ဆို ညီမလေးကြောင့်သာ ပန်းနု ထောင်ထဲမရောက်ရ
ခြင်းဖြစ်သည်။
တိုက် ဘေဘီနဲ့ ဟန်နီးမွန်းကို သွားနေတုန်းမှာ လူတစ်ယောက်ငှားပြီး ဘေဘီကို လုပ်ကြံသူကို အခုလို ဖော်ထုတ်ခိုင်းခြင်း
ကြောင့် အလိုတူအလိုပါ တရားခံက ပန်းနု မှန်း သူသိသွား
ခြင်းဖြစ်သည်။
ဒါတောင် ဘေဘီက စိမ်းနုလေးကို ညီမလေးလိုချစ်၍ ပန်းနု ကို
ထောင်ထဲမပို့လိုက်ခြင်းဖြစ်သည်။
စိမ်းနု လည်း အခုဆိုရင် အရင်လို သူ့ကို ကြိုက်တဲ့ အကြည့်နဲ့
မဟုတ်ဘဲ အစ်ကိုကြီးတစ်ယောက်လိုပဲ ကြည့်တော့သည်။
YOU ARE READING
အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)
Romanceမင်းကို ငါ အရမ်းမုန်းတယ် ဖက်တီးမ ဒါပေမဲ့ မုန်းတယ်ပြောပြီး မင်းက ငါ့ စိတ်ထဲ ရှိနေရတာလဲ ဖက်တီးမ
Part - 28 Final part ( Zg + Uni)
Start from the beginning
