Part - 28 Final part ( Zg + Uni)

Depuis le début
                                        

အခန်းထဲ​ရောက်​တော့  တိမ်​စိုင်​တိုက်​က​ရောင်​ခြယ်​လင်းကို
ကုတင်​ပေါ်အသာ​လေး ချ​ပေးလိုက်​ပြီး   ထို့နောက်
ရောင်ခြယ်လင်းကို တိမ်စိုင်တိုက် ရွန်းရွန်းစားစားကြီး
စိုက်ကြည့်လိုက်ပြီး....
""​ဘေဘီ​ဘေဘီကို ကိုယ်​အရမ်းချစ်​တယ်​""
"" ငယ်​ငယ်​ကတည်းက  အမုန်း​တွေနဲ့ စတင်​ခဲ့တဲ့
​ကိုယ်​က​ဘေဘီကို ဘယ်​အချိန်​မှာ ဘယ်​လို ချစ်​သွား
လိုက်​မှန်းမသိခဲ့ဘူး
တစ်​ချိန်​လုံး မုန်းတယ်​မုန်းတယ်​ပြောနေတဲ့ ကိုယ်က
အခုတော့ အဲ့ဒီအမုန်းတွေအစား ဘေဘီကို
အရမ်းတွေ ချစ်တယ် ချစ်တယ် ပြောချင်နေတာ
ဘေဘီ ယုံမလား မသိဘူး
ကိုယ် ဘေဘီကို မုန်းနေတဲ့ အချိန်မှာတောင် ကိုယ်ဘေးနား
မှာပဲ ဘေဘီကို နေစေချင်တယ် ""

တိုက်ရဲ့ ရီဝေဝေ အကြည့်တွေကြောင့် လူက  ရင်တွေ
ခုန်ပါတယ်ဆိုနေမှ   အခု တိုက်ရဲ့ စကားတွေကြောင့်
ရောင်ခမျာ  ကျဆုံးပြီးရင်း ကျဆုံးနေလေသည်။
အဲ့ဒီလောက်ထိကို တိုက် က ညှို့ငင်နိုင်စွမ်းရှိသူပါ။

""ဘေဘီကို ကိုယ် အရမ်းချစ်တယ်
ဒီစကားကို ကိုယ် အကြိမ်တစ်ရာ အကြိမ်တစ်သောင်း
အကြိမ်တစ်သိန်း  အကြိမ်ဘယ်လောက်နေနေ
ကိုယ် ပြောနေမှာ ဘာလို့လဲဆိုတော့ ဘေဘီကို
ကိုယ် အရမ်းချစ်လို့ ""
""ချစ်တယ်ကွာ ကိုယ်ရဲ့ ဘေဘီလေး ""
""အရမ်းအရမ်းကို ချစ်တယ် ""

တိုက် ရဲ့ စကားလေးကြောင့် ရောင် မျက်နှာလေး
ဝင်းလက်တောက်ပသွားကာ...
ချက်ချင်းဆိုသလို တိုက်ရဲ့ နဖူးလေးကို ရောင်
အမြန်နမ်းလိုက်ပြီး....
""ဘေဘီ လည်း ကိုကို ကို အရမ်းချစ်တယ်
ဘေဘီ ရဲ့ ဖြစ်တည်မှုတိုင်းက ကိုကို တစ်ယောက်တည်း
အတွက်ပဲ ""
""ကိုကို ထက် မပိုရင်တောင် ဘေဘီ က မလျော့ဘူး
ကိုကို ကို ဘေဘီ အရမ်းချစ်တယ် ""

ချစ်ရသူရဲ့ စကားကြွယ်မှုလေးတွေကြောင့် တိုက် အပျော်တွေ
လွန်ပြီး ချက်ချင်းဆိုသလို ရောင် နှုတ်ခမ်းဖူးဖူးလေးကို
တိုက် နမ်းရှိူက်လိုက်လေသည်။

နမ်းရင်း နမ်းရင်းနဲ့ ရောင် ကိုယ်လေးက မွေ့ရာထဲ တိုး
ဝင်သွားပြီး တိုက် ကတော့ ရောင် ကိုယ်လေးအပေါ်မှာ
နေရာယူလျက်။

🎉 Vous avez fini de lire အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း) 🎉
အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)Où les histoires vivent. Découvrez maintenant