""ကျေးဇူးပါဘော့စ်ပန်းနု ကို အခုလိုထောင်ထဲကို
မပို့တဲ့အတွက်""
""ညီမလေးရောင်ကိုလည်း ပန်းနုတောင်းပန်ပါတယ်လို့
ပြောပေးပါအုံး ပန်းနုနောင်တရသွားပါပြီဘော့စ်""
""ပန်းနုဘော့စ်ကိုတောင်းပန်ပါတယ်""
ပန်းနုနောင်တတွေရပြီးဘော့စ်ကိုတောင်းပန်စကား
ပြောနေတာတောင်တစ်ချက်ကလေးမှ ဘာမှမပြောတဲ့
ဘော့စ်ကြောင့်ပန်းနု စိတ်မကောင်းဖြစ်ရသည်။
ဒါပေမဲ့ ပန်းနု နားလည်ပါသည်။ပန်းနု က ခွင့်လွှတ်လို့
မရတဲ့ အလုပ်ကြီးကို လုပ်ထားတာကိုး
ပန်းနု နဲ့ဆို ဘယ်တော့မှ မတည့်တဲ့ ညီမ စိမ်းနု ကို
ပန်းနု ဒီတစ်ခါတော့ကျေးဇူးတင်သွားသည်။
ဘာလို့ဆို ညီမလေးကြောင့်သာ ပန်းနုထောင်ထဲမရောက်ရ
ခြင်းဖြစ်သည်။
တိုက်ဘေဘီနဲ့ ဟန်နီးမွန်းကို သွားနေတုန်းမှာ လူတစ်ယောက်ငှားပြီးဘေဘီကို လုပ်ကြံသူကို အခုလိုဖော်ထုတ်ခိုင်းခြင်း
ကြောင့်အလိုတူအလိုပါ တရားခံက ပန်းနု မှန်း သူသိသွား
ခြင်းဖြစ်သည်။
ဒါတောင်ဘေဘီက စိမ်းနုလေးကို ညီမလေးလိုချစ်၍ ပန်းနု ကို
ထောင်ထဲမပို့လိုက်ခြင်းဖြစ်သည်။
စိမ်းနု လည်း အခုဆိုရင်အရင်လို သူ့ကို ကြိုက်တဲ့ အကြည့်နဲ့
မဟုတ်ဘဲ အစ်ကိုကြီးတစ်ယောက်လိုပဲ ကြည့်တော့သည်။
""ဘေဘီ ကိုယ်တို့နှစ်ဖက်မိဘတွေကမြေးချီချင်နေပြီတဲ့ ""
အလုပ်က ပြန်လာတဲ့ တိုက်ကိုရောင်ပြေးကြိုလို့
မဆုံးသေး တိုက်ဆီက စကားကြောင့်ရောင်မျက်နှာ
တစ်ခုလုံး နီရဲသွားလေသည်။
"""ဘာဖြစ်နေတာလဲ ကိုကို ""
""ခြံထဲတောင်မရှောင်ဘူး ""
""နောက်ပြီး အသံကြီးကလည်း အကျယ်ကြီး ""
""ဒါဆို အခန်းထဲမှာ သွားပြောမယ်လေ """
""ကိုကိုနော်ဘယ်လိုတွေဖြစ်နေတာလဲ
ညနေတောင်မစောင်းသေးဘူး ""
ရောင်ပြောတာပင်နောက်ကျသွားလေသည်
ကိုကို ကရောင့်ကိုယ်လေးကို အမြန်ပွေ့ယူလိုက်ပြီး
အိမ်ထဲပင်ဝင်သွားလေသည်။
YOU ARE READING
အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)
Romanceမင်းကို ငါ အရမ်းမုန်းတယ် ဖက်တီးမ ဒါပေမဲ့ မုန်းတယ်ပြောပြီး မင်းက ငါ့ စိတ်ထဲ ရှိနေရတာလဲ ဖက်တီးမ
Part - 28 Final part ( Zg + Uni)
Start from the beginning
