Part - 27 ( Zg + Uni)

Start from the beginning
                                    

သုသု နဲ့ ပန်ဆုဝေ တို့ကတော့ မိန်းကလေးချင်းမို့
စိမ်းနု ဆိုတဲ့ ကောင်မလေးရဲ့ အကြည့်ကို ရိပ်မိကာ တင်း
နေကြသည်။
နေသွေးနဲ့ သုတ လည်း အံ့တွေကြိတ်နေပြီး ထိုကောင်မလေး ကို ဝါးစားမတတ်ကြည့်နေတဲ့ သုသု
နဲ့  ပန်ဆုဝေ ကို ဘေးကနေ အထာနပ်နပ်နဲ့  စိတ်လျှော့အောင်
လက်လေးတွေကိုယ်စီ ကိုင်ထားပေးကြသည်။

ဂျော်ကာ လည်း   စက်ဘီးပေါ်က ဆင်းလာတဲ့ ထိုကောင်
မလေးကို ကြည့်နေသည်မှာ စကားဝိုင်းပြီးသည်အထိပင်။
အစ်ကိုကြီးက အဲ့ဒီကလေးမကို စိုက်ကြည့်နေတာကြောင့်
ဂျော်နီ ရိပ်မိပါသည်။  အစ်ကိုကြီး အဲ့ဒီကလေးမ ကို
စိတ်ဝင်စားနေပြီဆိုတာ။

"" ဘေဘီ...ဟ ကိုယ် ခွံကျွေးမယ် ""

""မမရောင် စိမ်း မမရောင်တို့နဲ့ ထိုင်လို့ရမလား ""
""တစ်ယောက်တည်း စားရမှာ ပျင်းနေလို့ ""

""ထိုင်လေ စိမ်းလေး ""

""ကျေးဇူးပါ မမရောင် ""

တိုက် သူ့ ဘေဘီကို မနက်စာ ခွံကျွေးနေတုန်း
မနေ့က တွေ့ခဲ့တဲ့  စိမ်းနု ဆိုတဲ့ ကောင်မလေး
ရောက်လာတာကြောင့် မျက်နှာပျက်သွားလေသည်။
""ကျစ်""

အခု သူ့ဘေဘီက ထိုကောင်မလေးကို သူတို့နဲ့
အတူ ထိုင်ခိုင်းလိုက်တာကြောင့် တိုက် စုပ်သတ်မိသွား
သည်။
ဘေဘီနဲ့ သူ နှစ်ယောက်တည်း မနက်စာ အတူစား
ချင်လို့ သူ့သူယ်ချင်းတွေ မထသေးတဲ့ အချိန် သူ ထပြီး
ဘေဘီကို ခေါ်လာတောင်မှ ဆိုင်းမဆင့်ဗုံမဆင့်
ရောက်ချလာသော စိန်းနု ကြောင့် တိုက် အတော်တင်း
သွားလေသည်။
""ဘယ်လိုမိန်းကလေးပါလိမ့် သူများလင်မယားကြားမှာ
ကန့်လန့်ကန့်လန့် နဲ့ လိုက်ရှူပ်နေတာ ""

စိတ်ထဲတွင် ထိုကောင်မလေးကို အခဲမကြေစွာနဲ့ တိုက်
ပြောနေမိသည်။

သူမ ရောက်လာလို့ စိတ်ပျက်သွားတဲ့ ကိုကြီးရဲ့ မျက်နှာ
လေးက စိမ်းနု နှလုံးသားကို ပိုပြီး ရင်ခုန်စေတာကြောင့်
စိမ်းနု သဘောတွေ ကျနေမိသည်။

""ဘေဘီ... ဟ ""
""ဒီမှာ ဘေဘီ ကြိုက်တဲ့ ပုစွန် ""

ပုစွန်လေးတွေကို တိုက်က တယုတယခွာပေးပြီး ရောင့် ကို
ခွံကျွေးဖို့ ပါးစပ်ဟခိုင်းနေတာကြောင့် ရောင် အလိုက်သင့်
ပါးစပ်ဟ ပေးမိလိုက်သည်။

အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)Where stories live. Discover now