Part - 22 ( Zg + Uni)

Start from the beginning
                                    

အလျိုလျို တောင်းပန်ကြသော သူတို့ နှစ်တွဲလုံးကို
ရောင် ပြုံးရင်းနဲ့...
""ရပါတယ် ရောင့် ကို မတောင်းပန်ပါနဲ့
ရောင် ဘာမှ မဖြစ်ဘူး ""

""ထည့်စားလေ ရောင် ငါထည့်ပေးမယ် ""
တစ်ယောက် တစ်ပေါက်နဲ့ ပြောကာ ရောင် ပန်းကန်ထဲကို
ဟော့ပေါ့ တွေ ထည့်ပေး၊ အသားတွေ ထည့်ပေးနေသော
သူတို့ အားလုံး ကို ရောင် ငေးကြည့်နေမိသည်။

သူတို့ အားလုံး ထည့်ပေးသော ပန်းကန်လုံး ထဲက
ဟော့ပေါ့ တွေကို ဇွန်းနဲ့ နည်းနည်းလေး ခပ်စား
ပြီး တိုက် အကြောင်းကို ရောင် တွေးနေမိသည်။

""တိုက် ရယ် နင်ဘယ်တွေ ရောက်နေတာလဲဟာ
အခုဆို နင်ထွက်သွားတာ တစ်လတောင် ရှိပြီ... """
"" ငါ နင့်ကို ဘယ်မှာ လိုက်ရှာရမှာလဲ ""
"" နင် ငါ့ဆီ ပြန်လာခဲ့ပါတော့ဟာ ""
"" နင့် ငါ့ဆီပြန်​လာတဲ့ ​နေ့ကျရင်​ ငါ့ဘက်​က​နေ
နင့်​ကို ချစ်​တယ်​လို့ ငါ​အရင်​​ပြောမယ်
ငါ နင့်​ကို အရူံး​ပေးလိုက်​ပြီ
ဘာလို့လဲဆို​တော့ အမုန်း​တွေနဲ့ စတင်​ခဲ့တဲ့ ဒီဂိမ်းမှာ
ငါနင့်​ကို ဘယ်​အချိန်​က ချစ်​သွားမှန်း
ငါ့ကိုယ်​ ငါ​တောင်​ မသိခဲ့ဘူး
သေချာတစ်​ခုက​တော့ နင့်​ကို ငါအရမ်းချစ်​​နေပြီဆိုတာပဲ
တိုက်​ ရဲ့ ""
"" နင်​ ငါ့ဆီ ပြန်​လာပါ​တော့ တိုက်​ ရဲ့......"""

ဟော့​ပေါ့ စားရင်းနဲ့ ရင်​တွင်းစကား​တွေဆိုကာ ​ရောင်
ကြေကွဲ​နေ​ရသည်​။

💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔

တိုက်​ တစ်​လ​လောက်​ ​ပျောက်​သွားကတည်းက
ရောင်​ တိုက်​ ကုမ္ပဏီကို တိုက်​အစား ဦးစီး​နေရသည်​မှာ
ဒီ​နေ့ အထိဖြစ်​သည်​။

ကုမ္ပဏီ လာတိုင်းလည်း ​တိုက်​ ကို မြင်​​ယောင်​လာ
တာ​ကြောင့်​ တိုက်​ ရဲ့ရုံးခန်းမှာ ​ရောင်​ ထိုင်​ပြီး
ငို​နေမိသည်​။ တိုက်​ ရဲ့ အငွ့အသက်​​တွေရှိတဲ့ ဒီရုံးခန်း
လေးကို ​ရောင်​ ​ငေးကြည့်​ပြီး အလိုက်​မသိတဲ့
မျက်​ရည်​​တွေက အငြိုးကြီးတဲ့မိုးလို စီးဆင်း​လာမိသည်
မှာလည်း ခဏခဏပင်​။

""" တိုက်​ ရယ်​ ​ရောင့်​ဆီ ပြန်​လာပါ​တော့ ""
"" ​ရောင်​ တိုက်​ကို အရမ်းလွမ်း​နေပြီ
ရောင့်​ ဆီပြန်​လာပါ​တော့ ........"""
"' ​ရောင်​ ​ပြောတာကြားလား ​ရောင့်​ဆီ ပြန်​လာပါ​တော့
အင့်​ဟင့်​.......အီးဟီး """"

အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)Where stories live. Discover now