အပိုင်း ၉

Start from the beginning
                                    

ပျားလိမ္မော်အရသာသည် အနည်းငယ်ချိုပြီး ချဉ်သည့်အရသာကပါ အတန်ငယ် ရောနေကာ သူမ၏ လျှာပေါ်တွင် စွဲနေလျက် နောက်ထပ် ပိုပိုပြီး လိုချင်လာစေသည်။ သို့သော် ထိုအချဉ်အရသာသည် ကလေးမလေးထံသို့ ပျံ့နှံ့လာသော် သူမလေး၏နှာခေါင်းကို ရှုံ့တွန့်သွားစေ၏။

သူမလေးသည် နီရဲနေသောနှာခေါင်းလေးကိုပွတ်လိုက်ပြီး ဇဝေဇဝါနှင့် သူမ၏ရှေ့ရှိ ခိုင်ခံ့ထူထဲသောတံခါးကြီးကို ကြည့်လိုက်ကာ ထိုနေရာတွင် အတော်ကြာကြာ မတ်တတ်ရပ်နေခဲ့သည်။ ထို့နောက် လှည့်၍ လမ်းကြားထဲသို့ ဝင်သွားခဲ့တော့သည်။

လမ်း၏အဆုံးနား၊ သစ်ပင်ကြီးတစ်ပင်အောက်တွင် Cayenne*ကားတစ်စီးရပ်ထားလေသည်။

ချန်မျန်သည် အနောက်ခုံ၏တံခါးသို့ သွားကာ သူမထက် ပိုမြင့်နေသော တံခါးလက်ကိုင်ကို ကိုင်လိုက်သည်။ သူမလေး၏မျက်နှာသည် အနည်းငယ်ရှုံ့တွနေကာ တံခါးကို ဆွဲဖွင့်ပြီး အထဲကို တိုးဝင်လာခဲ့ပြီးနောက် သူမအနောက်ရှိတံခါးကို ပိတ်လိုက်လေသည်။

သူမဘေးတွင် အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသော ယောကျာ်းတစ်ဦး ထိုင်လျက်ရှိနေသည်။ သူ၏ရှပ်အင်္ကျီရှိ အပေါ်ဆုံးကြယ်သီးကို မတပ်ထားရာ သူ၏အသွင်အပြင်သည် ငြို့ဓာတ်ပြင်းနေပြီး ဆွဲဆောင်မှုအပြည့်နှင့်ပင်။

ခေါင်းကို အနည်းငယ် ငုံ့ထားလေရာ သူ၏ ဘေးတစောင်းမျက်နှာလေးကိုသာ ပြထားပြီး သူ၏ ဘယ်ဘက်လက်တွင် စာရွက်စာတမ်းတစ်ခုရှိနေကာ ညာဘက်တွင်တော့ ဖောင်တိန်တစ်ချောင်းကို ကိုင်ထားလေသည်။

သူသည် စာရွက်စာတမ်းများကို လက်မှတ်ထိုးရန်အတွက် အလုပ်ရှုပ်နေလျက်ရှိနေသည်။ ထိုစာရွက်စာတမ်း၏ အောက်တွင် တင်စရာဘာမျှမရှိဘဲ သူ၏ ဘယ်ဘက်လက်နှင့်သာ ထောက်ကန်ထားလျက် ရှိသည်။ သေချာသည်ကတော့ ထိုအပေါ်တွင် ရေးရန် လွယ်ကူမည် မဟုတ်ပေ။

ထိုအရာသည် သူ့ကို လုံးဝအနှောက်အယှက်ပေးပုံမပေါ်ပေ။ ထင်ရှားသောအဆစ်များနှင့် သူ၏ညာလက်သည် တောက်ပနေသောအနက်ရောင်ဖောင်တိန်ကို ညင်သာစွာကိုင်ထားလျက်ရှိပြီး သူ၏နာမည်ကို သာမန်ကာလျှံကာ ချရေးလိုက်သည်။
'ချန်ချင်းယန်'

အသွင်ပြောင်းသားရဲလေးတွေရဲ့ မေမေ (ဘာသာပြန်)Where stories live. Discover now