Part - 18 ( Zg + Uni)

Start from the beginning
                                    

ရက်​စက်​တဲ့  စကားလုံး​တွေနဲ့  သူ့ကို ​ပြောပြီး
ထွက်​သွား​သော ​ရောင်​ ​နောက်​​ကျောကို ကြည့်​ကာ
တိုက်​ ခံစား​နေ​လေသည်​။

""" သုသု ဘာဖြစ်​တာလဲ """

ရောင်​ ဘားကို လာရင်းနဲ့ ဘားမှာ အရက်​​တွေ ထိုင်​​သောက်​​နေ​သော သုသုချစ်​ကို မြင်​ပြီး  ​မေးလိုက်​​လေသည်​။

ဒီလိုနဲ့  နှစ်​​ယောက်​သား အပြန်​အလှန်​ ရင်​ဖွင့်​ပြီး
ငို​နေကြသည်​။

"""​ရောင်​ခြယ်​လင်း နဲ့  သုသုချစ်​ပါလား """"

"""​သြော်​.....ပန်​ဆု​ဝေပါလား  နင်​က ဒီကို ဘယ်​လိုလုပ်​ """

ရောင်​နဲ့ သုသု ပန်​ဆု​ဝေကို မြင်​ပြီး  နှစ်​​ယောက်​သား
ပြိုင်​တူ ​မေးလိုက်​ကြသည်​။

"" အရက်​​သောက်​ဖို့လာတာ​လေ နင်​တို့ နှစ်​​ယောက်​က​ရော """

""နင့်​လိုပဲ """
""ငါလည်း နင့်​လိုပဲ """

ရောင်​နဲ့ သုသု စကား​ကြောင့်​ ပန်​ဆု​ဝေ ပြုံးလိုက်​​လေသည်​။
တစ်​ခါမှ ဘားမလာတတ်​တဲ့ ဒီ​ကောင်​မ​လေးနှစ်​​ယောက်​က
အခု ဘားလာတယ်​ဆို​တော့ အံ့သြပြီး ပြုံးမိသွားသည်​။

""" အသည်းကွဲ ​နေတာမလား နင်​တို့နှစ်​​ယောက်​ """

""မဟုတ်​ဘူး """
တန်းခနဲ ​ဖြေလိုက်​တဲ့ ​ရောင်​ ​ကြောင့်​ ပန်​ဆု​ဝေ ရယ်​လိုက်
လေသည်​။
"""ဟား.....ဟား....ဟား"""

""နင်​က ဘာရယ်​တာလဲ ပန်​ဆု​ဝေ """"

"""​သြော်​.....နင့်​ပုံစံက အသည်းကွဲတဲ့ ပုံစံ​ပေါက်​​နေလို့
လေ  ​ရောင်​ခြယ်​လင်းရဲ့ """"

"" နင်​လည်း အသည်းကွဲ​နေတာမလား ပန်​ဆု​ဝေ"""

""မဟုတ်​ဘူး """"

"""ဟား.....ဟား...ဟား """
ဒီတစ်​ခါ ရယ်​လိုက်​သူမှာ  ​ရောင်​ပင်​။

ဒီလိုနဲ့ သုံး​ယောက်​သား  အရက်​​လေး​တွေ
သောက်​လိုက်​နဲ့  ခံစားချက်​​တွေ​ပြော​နေကြသည်​။

""" တိမ်​စိုင်​တိုက်​   မယားတရူး​ကောင်​  နှာဘူး​ကောင်​"""
"" ငါမလုပ်​ဘဲနဲ့   လုပ်​တယ်​​ပြောရတာလဲ  ""
"" ဘာ​ကြောင့်​လဲ """
သောက်​ပြီး တိမ်​စိုင်​တိုက်​ကို ပတ်​ဆဲ​နေတဲ့ ​ရောင်​ခြယ်​လင်း
ကို သုသုချစ်​ ကြည့်​​နေ​လေသည်​။

အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)Where stories live. Discover now