Part - 17 ( Zg + Uni)

Mulai dari awal
                                    

""ဟုတ်ကဲ့ပါ ဘော့စ် """

""အခုတော့ ဒါလင်က  ရောင်ခြယ်လင်းဆိုတဲ့ ကောင်မလေး
အပေါ် ဘယ်လိုမှမနေသေးပါ။ ဒါပေမဲ့ နိုရာ သေချာအောင်
ထပ်စမ်းသပ်ကြည့်ရအုံးမှာပါ။  မဟုတ်ရင် ဒါလင်ကို
နိုရာ ဆုံးရှူံးရမှာ သိပ်ကို ကြောက်နေမိတယ်
ဒီအတွက် နိုရာ လုပ်မိတဲ့အမှားက တခြားသူအပေါ်
မတရားဘူးဆိုပေမဲ့ နိုရာအတွက်တော့ တရားပါတယ်"""

"""ရပါပြီ ကော်ဖီ """
ပြောရင်းနဲ့ ရောင် သူမ လက်ထဲက ကော်ဖီအခါးခွက်နဲ့ အချိုခွက်ကို တိုက် နဲ့ နိုရာ စီ အသီးသီးလှမ်းပေးလိုက်သည်။

""ကော်ဖီက ဘာလို့ခါးနေရတာလဲ """
""ဒါလင် လုပ်ပါအုံး ကော်ဖီက ခါးနေတယ် """

""ရောင်ခြယ်လင်း မင်းကို ငါပြောထားတယ်လေ
နိုရာက ကော်ဖီဆို ချိုချိုလေးမှ သောက်တာလို့ """

နိုရာ ဆိုတဲ့ကောင်မလေး အတွက်နဲ့ ရောင် ကို ပြော
နေတဲ့ တိုက်ရဲ့ အသံက မာထန်လို့နေသည်။

""ကျမ ဖျော်လာတဲ့ ကော်ဖီက ချိုပါတယ် ဘော့စ်
မယုံရင် သောက်ကြည့်လိုက်ပါ ""

တကယ်တမ်း ကော်ဖီက ချိုပါသည်။ သူမထက်လှနေတဲ့ ရောင်ခြယ်လင်းဆိုတဲ့ အမကို မနာလိုတာက တစ်ကြောင်း၊
မပန်းနု ပြောလိုက်တဲ့ စကားကြောင့် နိုရာ အခုလို
အပြစ်မရှိ အပြစ်ရှာ ရစ်နေခြင်းဖြစ်သည်။

"""ဒါဆို နိုရာက ကော်ဖီကို ခါးတယ်ဆိုပြီး လိမ်နေတာလို့
အစ်မ က ထင်နေတာလား """

"""အစ်မ မပြောဘူးနော် ညီမနိုရာ ""
"" ညီမ ဘာသာ အိုးမလုံ အုံ့ပွင့်နေတာ """

ရောင် စကားကြောင့် နိုရာ မျက်နှာကြီး နီလာပြီး
ရှူးရှူးရှဲရှဲ ဖြစ်သွားလေသည်။

"""ဒါလင် လုပ်ပါအုံး """"
"""နိုရာ ကိုပြောနေတယ် ဒီအမက """"
""" နိုရာ မကျေနပ်ဘူး လုပ်ပါအုံး """

တိုက်လက်ကို အတင်းဆွဲပြီး ကလေးလိုလို ခွေးလိုလို
လုပ်နေတဲ့ နိုရာဆိုသော ကောင်မလေးကို
ရောင် ကြည့်မရ ဖြစ်လာမိသည်။

"""မင်းမှာ  အထွန့်တက်ပိုင်ခွင့် မရှိဘူး ရောင်ခြယ်လင်း""
""" မင်း အဆင့် မင်းသိ """
"" ဒီကုမ္ပဏီမှာ မင်းက ဘာရာထူးလဲဆိုတာ ""
"""အခုချက်ချင်း နိုရာအတွက် ကော်ဖီ နောက်တစ်ခွက်
သွားဖျော်ချေ... """"

အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)Tempat cerita menjadi hidup. Temukan sekarang