Part - 16 ( Zg + Uni)

Start from the beginning
                                    

"""တိမ်​စိုင်​တိုက်​  နင်​ဒါဘာလုပ်​တာလဲ  """
""အခုချက်​ချင်းငါ့ကို ​အောက်​ချ​ပေး  """"

"""ချမ​ပေးဘူး  ​ရောင်​ခြယ်​လင်း  """
"" ငြိမ်​ငြိမ်​​နေ မဟုတ်​ရင်​ မင်းကို ငါဆွဲနမ်းပစ်​မယ်​ ဒီ​နေရာမှာပဲ ""

နမ်းတယ်​ဆိုတဲ့ စကား​ကြောင့်​ ​ရောင်​  ငြိမ်​ကျသွားသည်​။
စိတ်​ကြွ​ဆေး​ကြောင့်​  သူနဲ့ တိုက်​တို့ရဲ့ နမ်း​နေတဲ့ မြင်​ကွင်း​တွေကို
ရောင်​ ပြန်​မြင်​​ယောင်​လာတာ​ကြောင့်​ပင်​။
နောက်​တစ်​ခါ ဒီလို ထပ်​အဖြစ်​မခံနိုင်​ပါ သူနဲ့တိုက်​ရဲ့ကြားမှာ...
ဒါ​ကြောင့်​ တိုက်​ ​ပြောတဲ့ အတိုင်း  ​ရောင်​ ငြိမ်​ငြိမ်​​လေး​နေလိုက်​​လေသည်​။

ဂျော်​နီနဲ့  ​ဂျော်​ကာ လည်း ခုနက ​​ဘော့စ်​ မဟုတ်​တဲ့အတိုင်း
အခု​အ​သေး​လေးကို စိတ်​ပူ​နေတဲ့ သူတို့​ဘော့စ်​​ကြောင့်
နားလည်​ရခက်​​နေကြသည်​။

""အခုချက်​ချင်း  ငါ့အခန်းထဲကို dryerယူခဲ့  ​နောက်​ပြီး 
မင်းတို့မမ​လေးလဲဖို့  အဝတ်​အစား​တွေပါ ယူခဲ့ """

""ဟုတ်​ကဲ့ ​ဘော့စ်​ """
အမွှာနှစ်​​ယောက်​စလုံး သူတို့​ဘော့စ်​ကို ပြိုင်​တူ​ဖြေလိုက်​ကြသည်​။

တိုက်​ ရဲ့ စကား​ကြောင့်​ ​ရောင်​  လန့်​သွားပြီး တိုက်​လက်​ထဲက​နေ သူမ ကို အတင်း​အောက်​ချခိုင်း​လေသည်​။
"" တိမ်​စိုင်​တိုက်​ ငါ့နင့်​အခန်းထဲ မလိုက်​ဘူး​နော်
ငါ့ဟာငါလုပ်​မယ်​  ငါ့ကို အခု​အောက်​ချ​ပေး...
အောက်​ချ​ပေးလို့....."""

"""ဘာလဲ ဒီ​နေရာမှာ ငါနမ်းတာခံချင်​တာလား """

"""​ဝေါင်း  """
""မိုက်​တာ ​ဘော့စ်​ရဲ့ စကားက ""
အမွှာနှစ်​​ယောက်​   သွားဖို့အပြင်​  သူတို့​ဘော့စ်​စကား​ကြောင့်
မသွား​သေးဘဲ မိုက်​တယ်​လုပ်​​နေကြသည်​။

"""ဟိုနှစ်​​ကောင်​  ဘာရပ်​လုပ်​​နေတာလဲ အခုထိ ငါခိုင်းတာ သွား
မလုပ်​​သေးဘူးလား ဘာလဲ လစာဖြတ်​ခံချင်​တာလား """

"""မဟုတ်​...မဟုတ်​ပါဘူး ​ဘော့စ်​ကလည်း """
လစာဖြတ်​ခံရမှာစိုးတာနဲ့ အမွှာနှစ်​​ကောင်​လည်း  ​ဘော့စ်​ခိုင်းတာကို အမြန်​သွားလုပ်​ကြသည်​။

အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)Where stories live. Discover now