[ကံခေသူအုပ်ကြီး]

Start from the beginning
                                    

ဒီလိုအဖိုးတန်လေးကို ဒီလိုညနက္ခတ်ကောင်းတဲ့အချိန်မှာသုပ်စားလိုက်လို့ကတော့ အားပါးပါး...ဘာမှတောင်ပြောနေစရာမလိုတော့ဘူး။

"အုပ်ကြီး...အဲ့မှာဘာလုပ်နေတာလဲ။
မြက်နုတ်နေတာလား။"

နောက်ကျောဘက်ကနေကြားလိုက်ရတဲ့ အသံပြာပြာ
ကြောင့် ငါမျက်မှန်ကိုနှာရိုးပေါ်တစ်ချက်ပင့်ပြီး
တစ်ဖက်လူကိုလှည့်ကြည့်လိုက်တယ်။

"ဘာလဲ...မြတ်နုတ်နေတာမဟုတ်ဘူးဟ
မြင်းခွာရွက်ခူးနေတာ။"

ငါပူစူးကိုပြန်ပြောလိုက်တယ်။ပူစူးဆိုတာ
ရန်ငြိမ်းအောင်ရဲ့နောက်လိုက်တွေထဲကတစ်ယောက်လေ။စျေးဘက်မှာအကြွေးလိုက်သိမ်းပေးရတဲ့ကောင်လေး။လက်ထဲမှာလဲ အထုတ်ကြီးအထုတ်ငယ်နဲ့
ဘယ်သွားမလို့လဲမသိဘူး။

"ပေါက်ပေါက်ရှာရှာ အုပ်ကြီးရာ
စျေးထဲမှာယူလဲရတာကို။"

သူ့ရဲ့ဆံပင်နီကြောင်ကြောင်တွေကိုဆွဲဖွပြီးပြောလာတဲ့ပူစူးကြောင့်ငါ့ရင်ထဲကမကျေနပ်ချက်တွေပြန်ပေါ်လာရတယ်။

"ဘောမို့ယူရမှာလား။ သူများအပြောအဆိုခံပြီး
အလကားစားတဲ့အထဲမှာငါမပါဘူးကွ။
ဒီမှာပေါက်တဲ့မြင်းခွာရွက်ကိုပဲ အပြောအဆိုကင်းကင်းစားလို့ရတယ်။"

"ဟာ....ဘာတွေမှန်းလဲမသိဘူးဗျာ။
ရော့...ယူလိုက်။"

"ဟမ်..။"

လက်ထဲကိုအတင်းထိုးထည့်ပေးလာတဲ့ပစ္စည်းတွေကအများကြီးပဲ။ ငါ အခြေအနေကိုသဘောပေါက်တာနဲ့
ချက်ချင်းဆိုသလိုပဲ အဲကောင်ရဲ့လက်ထဲကိုပစ္စည်းတွေပြန်ထည့်ပေးလိုက်တယ်။ ချီးးပဲရန်ငြိမ်းအောင်အဲ့ကောင်ဘာဖြစ်ချင်နေတာလဲ။

"အုပ်ကြီး..ယူလိုက်ပါဗျာ။
အစ်ကိုလေးကကျုပ်ကိုတကူးတကပေးခိုင်းလိုက်တာဗျ။မုန့်ပုံးလဲပါတယ်..အားဆေးလဲပါတယ်တဲ့။
ပြီးတော့ အုပ်ကြီးကြိုက်တဲ့ဝက်ပုတီးကုန်း(ဝက်အူချောင်းအလုံး)ရော၊ဟင်းစားတွေလဲပါတယ်။"

"မယူဘူးကွာ..ပြန်ယူသွား။
သူ့လိုစိတ်မမှန်တဲ့ကောင်နဲ့မပတ်သက်ဘူး။
သူ မလိုတိုင်းအပြောအဆိုခံပြီး၊သူလိုမှကျွေးတာစား
ရအောင်ငါလဲ အဲ့လောက်မျက်နှာပြောင်မတိုက်ဘူးကွ
ပြန်ယူသွားချီးပဲ။"

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now