"​ရောင်​ ဝမ်းမနည်းပါနဲ့ ​ရောင်​မှ မသိခဲ့တာ အဲ့ဒီစာရွက်​က အ​ဖြေ​တွေ ​ရေးထားတဲ့ စာရွက်​မှန်း"
တွေ့လိုက်​တိုင်း ထိုအ​ကြောင်းပဲ ​ပြော​နေတဲ့ ​ရောင်​ကို ကြာလာ​တော့ သူတို့သူငယ်​ချင်း သုံး​ယောက်​လုံး စိတ်​မ​ကောင်းဖြစ်​ပြီး
အား​ပေးရုံမှကလွဲလို့ ကျန်​တာဘာမှမတတ်​နိုင်​ခဲ့အတွက်
အရမ်းစိတ်​မ​ကောင်းဖြစ်​​နေရသည်​။
ထိုသုံး​ယောက်​က သုသုချစ်​ ၊ ​နေ​သွေးနဲ့ သုတပင်​။

"​နေ​သွေးနဲ့ သုတ တိုက်​က ဘယ်​​တော့ပြန်​လာမှာလဲဟင်​ "
သူမ ထက်​စာရင်​ ​နေ​သွေးနဲ့ သုတက တိုက်​ သူငယ်​ချင်း​တွေ ဖြစ်​သည့်​အတွက်​ ​ရောင်​ အရဲစွန့်​ပြီး ​မေးလိုက်​​လေသည်​။

"ဒီ​ကောင်​ ငါတို့ကို အဆက်​အသွယ်​မလုပ်​တာ သုံးလ​လောက်​ရှိသွားပြီ ​ရောင်​ရဲ့ "
စိတ်​မ​ကောင်း ဖြစ်​တဲ့​လေသံနဲ့ ​နေ​သွေး​ဖြေလိုက်​​လေသည်​။
သုတက​တော့ ​နေ​သွေး​ပြောတာကို မှန်​တယ်​ဆိုပြီး ​ခေါင်းပဲငြိမ့်​​နေ​လေသည်​။

သုသုလည်း သူမသူငယ်​ချင်း ​ရောင်​ခြယ်​လင်း ဖြစ်​သွားတဲ့ မျက်​နှာ​လေးကို ကြည့်​ပြီး စိတ်​မ​ကောင်းဖြစ်​​နေ​လေသည်​။

အခုဆိုရင်​ သူတို့အားလုံးက သူတို့မိဘ​တွေရဲ့ ကုမ္ပဏီမှာ အလုပ်​ဝင်​လုပ်​​နေကြသည်​။ သုသုချစ်​က​တော့ သူမိဘ​တွေရဲ့ ကုမ္ပဏီမှာ
အလုပ်​မလုပ်​ဘဲ သူမနှလုံးသား​လေးရှိတဲ့ ​နေ​သွေးတို့ ကုမ္ပဏီမှာ
အလုပ်​ဝင်​လုပ်​​နေ​လေသည်​။
ဒီလို စ​နေ တနင်္ဂ​နွေ​နေ့တိုင်း သူတို့အဖွဲ့ အမြဲလိုလို ​တွေ့ပြီး
စကား​တွေ​ပြောကြ​လေသည်​။
တိုက်​ အ​ကြောင်းသိချင်​၍ အ​နှောင့်​အယှက်​မ ပန်​ဆု​ဝေ တစ်​ခါတ​လေ ပါလာတတ်​သည်​။ အခု​တော့ ပန်​ဆု​ဝေ ပါမလာသည်​မှာ
တစ်​လပင်​ရှိသွား​လေပြီ။ သူမ ပါလာတိုင်းလည်း
ရောင်​ခြယ်​လင်းကို အမြဲ ရန်​စကား​ပြောတတ်​သည်​။
နှစ်​​ယောက်​သား အခုထိ ဘယ်​​တော့မှ မတည့်​ကြပါ။

တိုက်​ ဒယ်​ဒီနဲ့ မာမီကလည်း ​ရောင်​ကို အပြစ်​မယူတဲ့အပြင်
ပိုတိုးလို့ ချစ်​​နေတာ​ကြောင့်​ ​ရောင်​ ​နောင်​တရ​နေရသည်​။
တိုက်​က ​ သူ့ဒယ်​ဒီနဲ့ မာမီ​ကို​တောင်​ တစ်​ခါပဲ ဆက်​သွယ်​ပြီး ​နောက်​ထပ်​ မဆယ်​သွယ်​တဲ့ အတွက်​ ​ရောင်​ တိုက်​ကို အရမ်းပဲ
စိတ်​ပူ​နေရသည်​။

အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)Место, где живут истории. Откройте их для себя