ရွန်းလဲ့တဲ့ မျက်လုံးတစ်စုံနဲ့ သူ့ကို မျက်တောင် မခတ်ဘဲ စိုက်ကြည့်နေတဲ့ သုသုရဲ့ မျက်လုံးလေးတွေကြောင့် နေသွေး
စိတ်ထဲ တစ်မျိုးတမည်လေး ခံစားလိုက်ရသည်။
ရုတ်တရက် သူ့ကို ကြည့်ပြီး ချွေးဇောတွေပြန်လာတဲ့ သုသု ကြောင့် သုသုကိုယ်လေး ပွေ့ထားတာကို နေသွေးအမြန်လွှတ်ပေးလိုက်လေရင်းနဲ့ သူ့ဘောင်းဘီအိတ်ကပ်ထဲက ပုဝါလေးကို
အမြန်ထုတ်လိုက်လေသည်။
"ဘာဖြစ်သွားသေးလဲ သုသု နောက်ပြီး
ဘယ်နားနာသွားသေးလဲ "
"ဟင့်အင်း...သုသု မနာပါဘူး နေသွေးရော ဘာဖြစ်သွားသေးလဲ"
"ငါ ဘာ မှမဖြစ်ပါဘူး "
သုသု မျက်နှာပေါ်က ချွေးထွက်နေတဲ့
နေရာလေးကို သူ့လက်ကိုင်ပုဝါနဲ့ လိုက်သုတ်ပေးပြီး နေသွေးဖြေလိုက်လေသည်။
သူမ မျက်နှာလေးကို တယုတယချွေးသုတ်ပေးနေတဲ့ နေသွေးကြောင့် မြေကြီးပေါ် မတ်တပ်ရပ်ထားတဲ့ သူမ ခြေထောက်တွေပင် သုသု မခိုင်ချင်တော့ပေ။
ပါးလေးနှစ်ဖက်ကလည်း အလိုလိုရဲလာလေသည်။
"မင်းပါးက ဘာဖြစ်တာလဲ သုသု တအားရဲနေတာ မှန်းစမ်း
နေမကောင်းလို့လား "
သူ့ဟာသူ ပြော သူဟာသူ့ ဖြေပြီး သူမနဖူးလေးကို လာစမ်းလာတဲ့
နေသွေးရဲ့ ရိုးအတဲ့ ပုံစံကြောင့် သုသု သဘောတွေအရမ်းကျနေမိသည်။
"မဟုတ်ဘူး နေသွေးရဲ့ သုသု ရှက်နေလို့ ကိုယ်ချစ်ရတဲ့သူက
ကိုယ့်ကို အဲ့ဒီလို အနီးကပ်ဂရုစိုက်ပေးတော့ ရင်တွေအရမ်းခုန်ပြီး
ပါးတွေကလည်းရဲ ခြေထောက်တွေဆိုလည်း တုန်နေပြီ နေသွေးရဲ့
အဲ့ဒါသိရဲ့လား အဲ့ဒါနေသွေးကို ချစ်နေလို့ "
သူမေးတာ မဖြေဘဲ ဘာတွေကို စဉ်းစားမှန်းမသိ စဉ်းစားပြီး ပြုံးနေတဲ့ သုသု ကြောင့် နေသွေး သုသု ကြားအောင် ထပ်မေးလိုက်လေသည်။
"သုသု နေမကောင်းဘူးလား နောက်ပြီး ဘာတွေစဉ်းစားနေတာလဲ "
YOU ARE READING
အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)
Romanceမင်းကို ငါ အရမ်းမုန်းတယ် ဖက်တီးမ ဒါပေမဲ့ မုန်းတယ်ပြောပြီး မင်းက ငါ့ စိတ်ထဲ ရှိနေရတာလဲ ဖက်တီးမ
Part - 8 ( Zg + Uni)
Start from the beginning
