Part - 8 ( Zg + Uni)

Start from the beginning
                                        

"အား..... ခွေးမ.. ခွေးမ အခုလွှတ် မင်းက လူလား ခွေးလား
ငါ့ပါးကို ကိုက်ရအောင် နာလိုက်တာငါ့ပါးလေးတော့သွားပါပြီ "

"နောက်တစ်ခါ ငါ့ကို လာနမ်းလို့ကတော့ နင်ရဲ့ပါး အရိုးတခြား
အသားတခြားဖြစ်ပြီမှတ် "

"မင်းနာမည်က ဖက်တီးမ မဟုတ်တော့ဘူး ခွေးမပဲ ရောင်ခြယ်လင်းရဲ့ ခွေးမပဲ ခွေးမ "

ဖက်တီးမ ခေါ်တာတောင် မုန်းနေရတဲ့ ကြားထဲ အခုခွေးမလို့ ခေါ်ခံရတော့ ရောင် အရမ်းစိတ်တွေတိုလာလေသည်။
"အေး.. ငါက ခွေးမဆိုရင် နင့်က မုဒိန်းကောင်ပဲ
မုဒိန်းကောင်ကြီ်း "

"ခွေးမကြီး "

"မုဒိန်းကောင်ကြီး..မုဒိန်းကောင်ကြီး "

"ခေမွးကြီး... ခွေးမကြီး.. ခွေးမကြီး.. ဟေ့"

သူမ နာမည်ကို အော်ပြီးပြောတဲ့ အတွက် ရောင်ကလည်း တိုက်နည်းတူ ပြန်အော်လေသည်။
"မုဒိန်းကောင်ကြီး.. မုဒိန်းကောင်ကြီး.. လာကြပါအုံးရှင့် တိမ်စိုင်တိုက်ဆိုတဲ့ကောင်က မုဒိန်းကောင်ကြီးမလို့ လာပြီး ဖမ်းကြပါအုံးရှင့် "

"ကျွန်တော့်ပါးကို ကိုက်တဲ့ ဒီက ခွေးမကြီး ခွေးရူးပြန်နေတဲ့ဒီကခွေးမကြီးကို ခွေးထောင်ကို အမြန်ဆုံးပို့ဖို့ လာဖမ်းကြပါဗျို့ "
တစ်ယောက်နဲ့ တစ်ယောက် မမောနိုင် မပန်းနိုင် အပြိုင်အဆိုင်
အော်ဟစ်ပြောဆိုနေသံတွေကလည်း တောကြီးထဲမှာ ဟိန်းလို့နေလေသည်။

"နေသွေး မောနေပြီလား သုသုမှာရေပါတယ် ရော့.. ရေသောက်လိုက်အုံး "

"ကျေးဇူးပဲ.. သုသု"
သုသုပေးတဲ့ ရေဗူးကို နေသွေးလှမ်းယူပြီး အားရပါးရသောက်နေတဲ့ နေသွေးကို သုသု သဘောတွေကျပြီး စိုက်ကြည့်နေလေသည်။

ချွေးတွေထွက်နေတာတောင် ယောက်ျားပီပီသသနဲ့ ခန့်ညားချောမောနေတဲ့ နေသွေးပုံစံကို သုသု တစ်လမ်းလုံး
ငေးကြည့်နေရသည်မှာလည်း အမောပင်။
သူမ ကြည့်နေတာတောင် ဘာမှမသိဘဲ ရိုးအနေတဲ့ ထိုလူသားလေးကြောင့် သုသု အချစ်တွေ ပိုပိုပြီးတိုးလာလေသည်။
"အား.."
အငေးလွန်ပြီး သူမကိုယ်လေးက သစ်ကိုင်းခြောက်ကို တက်နင်းမိကာ ဟန်ချက်မညီ၍ လဲကျမလို့ ဖြစ်​သွားတာ​ကြောင့်
သုသု လန့်​ပြီး ​အော်​မိသွားသည်​။
မြေကြီး​ပေါ်ကို လဲကျပြီမှတ်​ပြီး ​ထင်​ထား​သော်​လည်း
သူမ ထင်​သလို မလဲကျဘဲ ​နေ​သွေးရဲ့ ရင်​ခွင်​ထဲကို ​ရောက်​​နေတာ​ကြောင့်​ ရင်​ခုန်​သံ​တွေ အတိုင်းအဆမရှိမြန်​သွား​လေသည်​။
နီးကပ်​စွာမြင်​​နေရတဲ့ ​နေ​သွေးမျက်​နှာ​ချော​ချောကို သုသုအနီးကပ်​မြင်​လိုက်​ရ​တော့ ရင်​​တွေအရမ်းခုန်​လာပြီး
နေ​သွေး ကြားသွားမှာစိုးတာ​ကြောင့်​ လက်​ဖျား​ခြေဖျား​တွေပင်​ ​အေးစက်​လာ​လေသည်​။

အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)Where stories live. Discover now