Part - 8 ( Zg + Uni)

Start from the beginning
                                        

"ဘာ.. ဖက်တီးမ ငါ့က အခြောက်ကောင်ဟုတ်လား
ကယ်ပေးတဲ့ မျက်နှာကိုမှမထောက် မင်းလိုမိန်းမမျိုးက မကယ်တာဘဲကောင်းတယ် ကျိုးကျိုးသေသေ ပစ်ထားရမှာ "

"ပစ်ထားလိုက်ပေါ့ နင့်ကို ဘယ်သူကမှ လာပြီး မကယ်ခိုင်းဘူး
နင့်ဟာနင် လျှာရှည်ပြီး လာကယ်တာ အရူးကောင်ရဲ့ "

ကျေးဇူးမတင်တဲ့အပြင် စော်ကားခံရတော့ တိမ်စိုင်တိုက် မေးကြောတွေ အလိုလိုထောင်လာလေသည်။
"ငါ.. ငါ.. လုပ်လိုက်ရ မင်းသေတော့မယ် ဖက်တီးမ ..မင်းကွာ
...တောက်စ် "

"လုပ်လိုက်လေ နင်တစ်ယောက်တည်း လက်ပါတာမဟုတ်ဘူး
အရူးကောင်ရဲ့ ငါမှာလည်းလက်ပါတယ် သူသေကိုယ်သေပဲ
နင့်တစ်ချက်ဆို ငါက နှစ်ချက်ပဲ "

"သေချာလား ဖက်တီးမ ငါတစ်ချက်ဆိုရင် နင့်က နှစ်ချက်ဆိုတာ"
တိမ်စိုင်တိုက်ရဲ့ စကားအပြောမှာ ညစ်ကျယ်ကျယ်အပြုံးတွေ ပါဝင်ပြီး တစ်ခုခုကို တွေးနေတာကို ရောင်ခြယ်လင်း မရိပ်မိဘဲ
အမြန်ပင် ဖြေလိုက်မိလေသည်။

"သေချာတာပေါ့ နင်တစ်ချက်ဆိုရင် ငါ့က နှစ်ချက်ပဲ စမ်းကြည့်လိုက်လေ နင်ငါ့အကြောင်း ကောင်းကောင်း ကြီး
သိသွားစေရမယ်"

"ရွှတ်"
သူမ ထင်ထားသလို ရိုက်တာမဟုတ်ဘဲ သူမ ပါးလေးကို
လျှပ်တပြက် နမ်းလိုက်တဲ့ တိုက်လုပ်ရက်ကြောင့် ရောင်
မျက်လုံးပြူးသွားလေသည်။
သူ နမ်းတာကို မျက်လုံးပြူးပြူးလေးနဲ့ကြောင်ပြီး ကြည့်နေတဲ့ ရောင်ရဲ့ ပုံစုံလေးကြောင့် တိုက် ရယ်ပြီးပြောလိုက်လေသည်။

"ဘယ်လိုလဲ ငါ့အနမ်းမှာ မေ့မြောသွားပြီလား ပြောတော့ ငါတစ်ချက်ရိုက်ရင် နှစ်ချက်ပြန်ရိုက်မှာဆို အခုငါက မင်းကို တစ်ချက်နမ်းတော့ ငါ့ပါးကို နှစ်ချက်ပြန်နမ်း ဖက်တီးမ ငါစောင့်နေတယ် "
ပြောပြီး သူ့ပါးလေးကို သူမ မျက်နှာရှေ့ထိုးပေးနေတဲ့ တိုက်ရဲ့
ပုံစံကြောင့် ရောင်အခုမှ သတိဝင်လာလေသည်။

ဘာမဆိုင်ညာမဆိုင် နမ်းခံရတဲ့အပြင် အခုသူ့ပါးကို နမ်းခိုင်းနေတဲ့
တိုက်ကြောင့် ရောင် အမြင်ကပ်ကပ်နဲ့ တိုက်ရဲ့ပါးကို သူမသွားနဲ့
အသားကုန် ကိုက်ချပစ်လိုက်သည်။

အမုန်းနဲ့အားပြိုင်မယ့်ချစ်ခြင်းတရား ( တိမ်စိုင်တိုက်+ ရောင်ခြယ်လင်း)Where stories live. Discover now