အပိုင်း -၃၃၄

Start from the beginning
                                    

ပြန်လာတဲ့ လမ်းတစ်လျှောက်ပေါ်တွင် ယင်းရှောင်ကျဲသည် မရေမတွက်နိုင်သော ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ထားပြီးဖြစ်သည်။

အစောပိုင်းတွင် မုရှောင်းရှောင်  အမေရိကသို့ ပြန်သွားနိုင်သည့် လေယာဉ်ကို စုံစမ်းစစ်ဆေးရန် လူများကို စေလွှတ်ခဲ့သည်။
မြို့တော် A  မှ အမေရိကသို့ တိုက်ရိုက်ပျံသန်းတဲ့ လေယာဉ် အများအပြားမရှိခဲ့။ ထို့ကြောင့် သိရှိရန် လွယ်ကူသင့်သည်။
ယင်းရှောင်ကျဲ အဓိကစိုးရိမ်တာက ရှောင်းရှောင် က လေယာဉ်စီးဖို့ တကယ်သွားခဲ့တာလား ဒါမှမဟုတ် သူမ  တစ်နေရာမှာ လဲလျောင်းနေပြီး ဘယ်တုန်းကမှ  မထွက်ခွာခဲ့ဘူးဆိုတာလား
ကို စစ်ဆေးဖို့ပါပင်။

အချိန်က အလွန်လျင်မြန်စွာ ကုန်နေသည်။
ထိုညတွင် အမေရိကသို့ သွားရန် တိုက်ရိုက်လေယာဉ်တစ်စင်းတည်းသာရှိတော့သည်ဟု သူ ဖုန်းလက်ခံရရှိခဲ့ပြီး
မုရှောင်းရှောင်၏အမည်သည် ခရီးသည်စာရင်းတွင်မပါရှိ။

ယင်းရှောင်ကျဲ ၏ လက်အောက်ငယ်သားများ အားလုံးသည် အရာရာကို ပြည့်စုံ ပြီးမြောက် အောင် လုပ်ဆောင်တတ်ကြသည်။ သူတို့သည် အနီးနားရှိမြို့များက  လေယာဉ်ခရီးစဉ်များကိုပင် ရှာဖွေခဲ့သော်လည်း င် မုရှောင်းရှောင်၏ အမည်ကို ရှာမတွေ့ခဲ့ပေ။

ဆိုလိုတာက သူမ လေယာဉ်ပေါ် မတက်ခဲ့ဘူး ။

ဒီတော့ သူက အမေရိကကို မပြန်ဘူးလို့ ဆိုလိုတာလား။

လုရိချန် က သူ့ကို လိမ်ခဲ့တာလား။

ဒါမှမဟုတ် လုရိချန်ကို ရှောင်းရှောင်က လိမ်ညာခဲ့တာ
ဖြစ်ကောင်းဖြစ်နိုင်တယ်။

မရေမတွက်နိုင်သော အတွေးများသည် ယင်းရှောင်ကျဲ  စိတ်ထဲတွင် ပျံ့လွင့်နေသော်လည်း အားလုံးမှာ အချည်းနှီးပင်။

အရေးကြီးဆုံးက သူမကို ရှာတွေ့ဖို့။

ထို့ကြောင့် ယင်းရှောင်ကျဲ သည် မြို့တော် A ၏ နေရာတိုင်းကို ရှာဖွေရန် ရည်မှန်းထားပြီး သူ၏ အရင်းအမြစ်များအားလုံးကို ဖြန့်ဝေကာ အမိန့်များ ပေးပို့ခဲ့သည်။

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now