9 || ဖေးဖေးရဲ့ ကျူတာအသစ်

1K 192 6
                                    

UNICODE

အပိုင်း ()
ဖေးဖေးရဲ့ ကျူတာအသစ်

ဖေးပိုင်ခမျာ လော့ယွီစန်းထံမှ 'ပျောက်သွားပြီမလား'ဟု အမေးသံခပ်ဖျော့ဖျော့ကို ကြားလိုက်ရသည့်အခါ ပျောက်သွားပြီဟု ဝန်ခံမိသည်ရှိသော် သူ့အပေါ် ထင်မြင်ချက်အမှတ်များ မည်မျှပင် လျော့နည်းသွားလိုက်မည်နည်းဟု ပူပန်လာမိသည်။

ထို့ကြောင့် ဤသို့ ပြန်ဖြေလိုက်၏။

"ကျွန်တော် ဘယ်နား ထားလိုက်မိလဲဆိုတာ မေ့သွားတာရယ်.. ကျွန်တော့်ကို အချိန်လေး နည်းနည်းထပ်ပေး...."

လော့ယွီစန်းက ဘာမျှ ပြန်မပြော။ အကြည့်က ဖေးပိုင်၏ကုတင်နံဘေးရှိ စာအုပ်ထံ ရောက်ရှိသွားသည်။

"Borges ကြိုက်တာလား?"

ဖေးပိုင်လည်း လှည့်ကြည့်လိုက်ရာ ခေါင်းအုံးနံဘေး၌ ထားထားသည့် 'အဆုံးမရှိ နှင်းဆီ' စာအုပ်ကို မြင်လိုက်ရ၏။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရန် ဖတ်နေခြင်းဟု ဝန်ခံဖို့ရန်ပင် ရှက်ရွံ့သွားလေသည်။

__အယ် နေပါဦး။ စာအုပ်ကြားထဲ ဘာညှပ်ထားတာပါလိမ့်။

ဖေးပိုင်မှာ ခါးကုန်း၍ စာအုပ်အကြားရှိ အသံဖမ်းစက်ကို ယူထုတ်လိုက်သည်။

ဖေးပိုင်ထံ၌ *OCD ရှိ၍ စာဖတ်သည့်အခါ ဘယ်သောအခါမျှ စာရွက်ကို မခေါက်တတ်ချေ။ ယမန်နေ့ညက အသံဖမ်းစက်ကို bookmark အနေဖြင့် သုံးမိခြင်း ဖြစ်ပါလိမ့်မည်။

လော့ယွီစန်းသည်လည်း ကနဦးကတည်းက အသံဖမ်းစက်ကို ရှာတွေ့သွားပြီဖြစ်သော်လည်း ဖေးပိုင် ထုတ်ပြောလာမည့်အချိန်ကို တမင်တကာ စောင့်နေခဲ့ခြင်းပင်။

ဖေးပိုင်မှာ လော့ယွီစန်း ခပ်တည်တည်နှင့် မသိချင်ယောင်ဆောင်နေသည့် ပုံကို ပြန်တွေးရင်း ပါးပြင်နှစ်ဖက်လုံး နွေးသွားသည့်နှယ် ခံစားလိုက်ရသည်။

ထို့နောက် လေသံနှင့် ပြောလိုက်လေ၏။

"ကျေးဇူးပါ စီနီယာကိုကို"

လော့ယွီစန်းလည်း ဖေးပိုင်ထံ လက်ကမ်းလိုက်သည်။

"ရပါတယ်"

ငါ လူမှားဖလစ်မိပြီ (Translation)Wo Geschichten leben. Entdecke jetzt