1 || မာယာများတဲ့ မြေခွေးချောလေး

2.7K 332 16
                                    

Unicode

အပိုင်း ()
မာယာများတဲ့ မြေခွေးချောလေး

အဆက်မပြတ်တံခါးခေါက်သံကြောင့် ဖေးပိုင် နိုးလာခဲ့သည်။ မျက်လုံးဖွင့်ကာ မျက်နှာကျက်အား သုံးစက္ကန့်မျှ ငေးကြည့်နေမိ၏။ အရက်နာကျ၍ ပရမ်းပတာဖြစ်နေသည့် ဦးနှောက်ဖြင့် စဥ်းစားကြည့်ရာ ပါဆယ်လာပို့စရာပစ္စည်းလည်း မရှိသဖြင့် ဟိုဘက်လှိမ့်ကာ ဆက်အိပ်နေလိုက်သည်။

တံခါးခေါက်သံက ပို၍ပိုကာ နားကလောစရာကောင်းလာ၏။ ခေတ္တကြာသော် တံခါးရှိ မုန်ပုံကွက်၌ ဗုန်းခနဲ အသံကြီးထွက်လာပြီးနောက် ဝမ်းမနာသားလေး၏အသံကို ကြားလိုက်ရတော့သည်။

"ဖေးပိုင် ဒီသောက်ကျိုးနည်းတံခါးကြီးကို ဖွင့်စမ်း!"

ဖေးပိုင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရပါသည်။ တံခါးအပြင်ဘက်၌ ရှိနေသူက သူငယ်ချင်းဖြစ်သူ ရှောင်ချောင်းလီ ဖြစ်၏။

မျက်လုံးပြန်မှိတ်ကာ နံဘေးရှိ စောင်ကို ဆွဲ၍ ခေါင်းထက် တင်ထားလိုက်၏။ ချောင်းလီအား အလေးပေးရန်ဆန္ဒ သူ့၌ လုံးဝမရှိ။

ချောင်းလီက အသံမြှင့်၍ ပြောလာ၏။

"ဖေးပိုင်! မင်းထွက်မလာဘူးဆိုရင် အထဲမှာ တကယ်သေနေပြီလို့ မှတ်လိုက်တော့မှာနော်!"

ဖေးပိုင် ဘာမျှပြန်မပြော။

"ကောင်းပြီ ဖေးပိုင်.. မင်း တကယ်သေနေပြီပဲ"

ချောင်းလီက ထိုသို့ ရေရွတ်ပြီးနောက် ဖုန်းဆက်ဟန်ဆောင်လိုက်၏။

"ဟယ်လို ၁၁၀ ကလား? ကျွန်တော့်သူငယ်ချင်း အိမ်ထဲမှာ သေနေလို့ပါ.. သူ့ကိုယ်သူ သတ်သေသွားတာလားတော့ မသိရသေးဘူး.. ဘယ်သူနဲ့မှလည်း အဆက်အသွယ်မရှိတော့.. ဦးဦးရဲ မြန်မြန်လာပေးပါနော်"

စကားမဆုံးခင် အိမ်တံခါး ပွင့်ထွက်လာပြီ။ ဖေးပိုင်က ချောင်းလီအား မျက်ထောင့်နီဖြင့် ကြည့်နေ​၏။

"ချောင်းလီ မင်းရူးနေလား!? ဒီလို လျှောက်ပြောရင် ထောင်ထဲ ဝင်ရမှာ မသိဘူးလား? မင်း အဲ့လောက်အားယားပြီး ရဲစခန်းသွားချင်နေရင်လည်း တစ်ယောက်တည်းကြွ.. ငါ့လာ အဖော်မညှိနဲ့ ဟုတ်ပြီလား?"

ငါ လူမှားဖလစ်မိပြီ (Translation)Donde viven las historias. Descúbrelo ahora