အပိုင်း ၈

Comincia dall'inizio
                                    

ကျွတ် ကျွတ် ကျွတ်။ စိတ်ဝင်စားစရာကောင်းချက်ပဲ။

ယဲ့ချင်းသည် ကလေးလေး၏ ဖက်ထားခြင်းမှ ရုန်းထွက်ရန်ကြိုးစားသော်လည်း မရပေ။

သူမသည် မိခင်တစ်ယောက်၏ အပြုံးမျိုး တပ်ဆင်လိုက်ကာ အလွန်နူးညံ့သောအသံဖြင့်
"ကလေးလေး၊ ငါက ကလေးလေးရဲ့ မေမေ,မဟုတ်ဘူးလေ။"

ကလေးမလေး၏ နီလာရောင်မျက်လုံးထဲတွင် လှိုင်းဂယက်လေးများ ထလာပြီး ယဲ့ချင်းကို ပို၍ တင်းတင်းဖက်ထားလိုက်သည်။ ထို့နောက် အလွန်သေချာတိကျသော လေသံဖြင့်
"ဟုတ်ပါတယ်ဆို! မာမီက သမီးရဲ့အမေပဲ!
မာမီ! သမီး မာမီကို အရမ်းလွမ်းနေတာ! QuQ."

ဤအရွယ်နှင့် ဤမျှလောက် ကောင်းသည့်သရုပ်ဆောင်ချက်တွေ ရှိနေပါရောလား။

ယဲ့ချင်းသည် လုံးဝအံ့အားသင့်သွားခဲ့သည်။

အို၊ မြို့ကြီးပြကြီးရဲ့ အိပ်ခန်းနှစ်ခန်း၊ ရေချိုးခန်းတစ်ခန်းပါ တိုက်ခန်း၏ အံ့ဩဖွယ်ဆွဲဆောင်မှုကြီးပါပေ။

သူမ သဘောကျသည့် အတိုင်းအတာထိ သူမလက်ကိုဆန့်ကာ ကလေးမလေး၏ ဖြူဖွေးပြီး ချစ်စရာကောင်းသည့် ပါးလေးကိုပွတ်လိုက်ပြီး အပြုံးလေးကိုထိန်း၍
"သမီးရဲ့ နာမည်က?"

ကြောင်ပေါက်လေးနှင့်တူသည့်ကောင်မလေးသည် သူမမျက်လုံးများကို သက်တောင့်သက်သာ မှေးလိုက်ကာ ချိုသာစွာ ပြန်ဖြေလိုက်သည်။

"သမီးနာမည်က ချန်မျန်ပါ။ နစ်မြုပ်တာရဲ့ ချန်၊ ငှက်သိုက်မုန့်ရဲ့ မျန်။
မျန်ဟွာထန်*က သမီးရဲ့ အိမ်နာမည်လေ ပြီးတော့ မာမီ ခေါ်နေကျပဲကို။"

"အို, ရှောင်မျန်ဟွာထန်။" ယဲ့ချင်းသည် သူမ၏အိတ်ကပ်ထဲ နှိုက်ကာ သာမန်မြင်တွေ့နေကျ အဝါရောင်ပါကင်လေးနှင့် ပျားလိမ္မော်သကြားလုံးလေးကို ထုတ်ယူလိုက်ပြီး မေးလိုက်သည်။
"သကြားလုံး လိုချင်လား?"

မျန်ဟွာထန်လေးသည် အပြင်းအထန် ခေါင်းညိတ်လိုက်ရင်း ပြန်ဖြေလိုက်သည်။
"ဟုတ်!"

ယဲ့ချင်းသည် စိတ်ရှည်ရှည်နှင့် သကြားလုံးကို အခွံခွါပြီး အကျယ်ကြီး ဟထားသော ချန်မျန်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

ထို့နောက် သူမသည် ကလေးမလေး၏ခေါင်းလေးကို ပုတ်ကာ ချော့မြူလိုက်သည်။
"အခု မတ်မတ်ရပ်တော့။"

ကလေးမလေးသည် ယခုတွင် သူမ၏မိခင်မှ သကြားလုံးကျွေးပြီး ခေါင်းလေးပုတ်ပေးသောကြောင့် ပို၍ပျော်ရွှင်လာခဲ့သည်။ လိမ္မာစွာပင် သူမအမေ၏ပေါင်ကို လွတ်ပေးလိုက်ပြီး မတ်မတ်ရပ်လိုက်သည်။

"တော်လိုက်တဲ့ ကလေး။" ယဲ့ချင်း ပြောလိုက်သည်။
"အခု သမီးရဲ့လက်တွေကို ဆန့်လိုက်ပါဦး။"

သူလေး၏မျက်လုံးများသည် တောက်ပလာကာ သူမ၏လက်များကို မြှောက်လိုက်သည်။ သူမ၏ပါးလေးတို့သည် ဖောင်းလာပြီး ယဲ့ချင်းကို မျှော်လင့်တကြီး ကြည့်လိုက်ရှာသည်။

မာမီကလည်း သူမကို ဖက်တော့မည်ထင်ပါ၏။ သူမ၏မာမီသည် မည်သည့်အရာကိုမှ မမှတ်မိတော့သော်လည်း သူမကို ချစ်နေသေးသည်လေ။ မျန်ဟွာထန်လေး၏မာမီသည် အလွန်ကောင်းမွန်ပေသည်။

ယဲ့ချင်းသည် အနည်းငယ်ငုံ့၍ လက်နှစ်ဖက် ဆန့်တန်းကာ ကလေးမလေးကို ချီလိုက်သည်။ ကလေးလေး၏ကိုယ်သည် ယဲ့ချင်း၏ ဆန့်တန်းထားသည့်လက်အလွန် လေထဲတွင်ရှိနေလေသည်။

ကလေးမလေး ဘာတွေဖြစ်ပျက်နေသည်ကို နားမလည်သေးသည့်အချိန်တွင်ပင် ယဲ့ချင်းသည် သူလေးကို လေးလံသော သံတံခါးကြီး၏ အပြင်ဘက်တွင် အလျင်အမြန်ချကာ သူမရှေ့တွင်ပင် တံခါးကို ချက်ချင်းပိတ်ချလိုက်ချေသည်။

ဤကလေးမလေးသည် အလွန်ချစ်ဖို့ကောင်းပါပေ၏။ သို့သော် သူမ၏နာမည်သည် ယဲ့ချင်းဖြစ်ပြီး ငတုံးမဟုတ်ပေ။

•.•

Notes:* 棉花糖 - Cotton Candyကို ပြောတာပါ။ ကလေးရဲ့ ချစ်စနိုးနာမည်လေးက မျန်ဟွာထန်ပါတဲ့။

Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.

Notes:
* 棉花糖 - Cotton Candyကို ပြောတာပါ။ ကလေးရဲ့ ချစ်စနိုးနာမည်လေးက မျန်ဟွာထန်ပါတဲ့။

အသွင်ပြောင်းသားရဲလေးတွေရဲ့ မေမေ (ဘာသာပြန်)Dove le storie prendono vita. Scoprilo ora