၁🦈

2.1K 142 16
                                    

အကယ်၍... ။

သမုဒ္ဒရာတွေနှင့်တိမ်စိုင်တို့သာတည်ရှိမနေပါလျှင် ဤကမ္ဘာမြေမည်သည် ဆောင်းဦးရဲ့လမ်းအသွယ်သွယ်ပေါ်က မေဘယ်လ်နီဆွေးတမျှ ခြောက်ကပ်ကပ်နိုင်လောက်ကြောင်း ၊

ကိုယ်ပိုင်ငါးကန်လေးကိုမြင်ရုံတင် အပြာရောင်တွေအကြောင်းတမေ့တမောတွေးတတ်သော ကောလိပ်ကျောင်းသားတစ်ယောက် ဂျယ်ဂျူဒိုတစ်ဝိုက်၌ ကျင်လည်၏ ။

ယခုလည်း မိုးပြာကဲ့သို့ နု၍ ကြည်သော တီရှပ်တစ်ထည်အား၊ခေါက်ရိုးစွန်းပင်တွန့်ကြေမနေတဲ့ဂျင်းဖြူလွလွနှင့်တွဲဖက်ဆင်မြန်းထားသည့် ကိုယ်ပေါ် ၌ နေရောင်ခြည်တချို့ကို မေးတင်စေရင်းပင်လောကကြီးရဲ့ အပြာရောင်တွေဆီ ဂီတာအိုခေါက်လျက် သူနှုတ်ခွန်းဆက်ဦးမည်။

တိမ်ညိုတွေစင်သော ကောင်းကင်လွင်ပြင်ဟာ
သူ့မျက်စိထဲ သူသိပ်ချစ်ရတဲ့ ဖူးငုံစဒေစီတွေထက်ပင် ကြည့်ပျော်ပါ၏။

ဆောင်းဦးထဲ ရာသီစက်ဝန်းခြေလှမ်းပြီငြား၊ နွေဦးသည့်နှယ် နွေးလျက်ရှိသေးတဲ့ သစ်ပင်စိုင်များမှ စိမ်းဖန့်ဖန့်သင်းရနံ့တို့ကိုလည်း နှာဖျားဝ၌ရှူရှိုက်မိတဲ့အခါ သူပျော်ပါသေးသည်။

"ဟေ့ရောင်
မနက်စာလာဆင်းစား"

"နေပါဦးဗျာ
ဒီတစ်ပုဒ်တီးပြီးရင် လာစားမယ်"

မြို့ရဲ့ကုန်းမြင့်ပိုင်းအကျဆုံး ရပ်ကွက်တွင်
အိမ်ရှိသည်မို့ မျက်စိဖွင့်သ​ည်နှင့် ပြတင်းဝကနေ
ပင်လယ်ဆီ လှမ်း​ငေးရတဲ့ဘဝမှာ သူက
နေပျော်သည်။

ပင်လယ်စပ်ကနေတရွေ့ရွေ့စိမ့်၍တိုက်ခတ်လာတတ်သောလေထုတို့သည်ဆိုးလ်မြို့ထဲကပန်းဆိုင်လှလှလေးတွေနား ဖြတ်သွားရသည်ထက်ပင် သာ၍ လတ်ဆတ်တတ်၏ ။

ထိုကြောင့်ပင်လည်း ကောလိပ်ပိတ်ရက်ရှည်တွေရောက်တိုင်း အဆောင်မှာနေရတာထက် တမျှော်တဝေးပြန်လာရခြင်းကို သူ့မှာ နှစ်ခြိုက်ရသည်။

"ဝေးး"
"အငယ်ကောင်လေး ပြန်လာပြီလား"

"ဗျို့ အန်တီလေးဂင်"
"ကျနော့်ကို ဂုံးနည်းနည်းကျွေးဦး"

"ကျွေးမှာပေါ့ ကျွေးမှာပေါ့
မနက်က ကျလာတဲ့ဂုံးထဲကနေငါ့သားလေးအတွက် ချန်ထားတယ် ပုံးလိုက် ပုံးလိုက်"

in this corner of the Blues (complete)Dove le storie prendono vita. Scoprilo ora