ထိုသို့ပြောပြီး မျက်စိကို စုံမှိတ်ကာ တစ်နေ့လုံးလွမ်းနေခဲ့ရတဲ့ သူ့ကိုပိုပြီးတင်းကျပ်အောင် အစွမ်းကုန်ဖက်ထားလိုက်တော့သည်။
"တို့ပြောပါတယ်..."
"ကဲ လာပါ နေရယ်... ကလေးတွေနားပါစေ။"
"ဟင့်အင်း မရဘူး။"
ငြင်းဆန်ခြင်းနှင့်အတူ နေခြည်သည် ထည်ဝါနှင့် သမီးငယ်တို့ရပ်နေကြသော နေရာနားအထိ ဆက်တိုက်လျှောက်သွားပြီး ကလေးတွေဘေးမှာရှိနေသည့်တိုင် ထည်ဝါ့ရင်ခွင်ထဲမှာ နစ်မြှုပ်လို့နေသည့် ရေစက်များ၏တရားခံ သမီးငယ်ကို ပခုံးကနေဆွဲလှည့်ကာ..."အမကြီးသမီးငယ် အမကြီးကြောင့် ရေကြီးသွားတဲ့ အိမ်ကြမ်းပြင်ကိုရေသုတ်ရပါမယ်။"
"ဟမ်...."'
သမီးငယ်တစ်ယောက် 'ဟမ်'လို့မပြီးသေးခင်မှာတင် နေခြည်က သမီးငယ်ကိုဆွဲပြီးအခန်းအပြင်သို့ဆွဲထုတ်သွားတော့သည်။ ထိုသို့ နေခြည်နဲ့သမီးငယ်၏နောက်ကနေပြီး အသက်နဲ့ထည်၀ါလည်းလိုက်လာခဲသည်။
နေခြည့်လုပ်ပုံကြောင့် အသက်သည်သူမနဲ့အတူနောက်က လိုက်လာသောထည်ဝါကို လှည့်ကြည့်ရင်းအားနာနေရလေသည်။ထို့ကြောင့်ပဲ နေခြည့်အနားကို တိုးကပ်ကာ ငယ့်ကိုဆက်ပြီးကြမ်းမသုတ်စေဖို့ပြောကြည့်ဖို့ ကြိုးစားလိုက်ရုံရှိသေးသည်...
"အသက်ပြောလည်း မရဘူးနော်။ ဘယ်နှခါရှိနေပြီလဲ ရေစိုနဲ့ အိမ်ထဲကို ပြေးပြေး၀င်တာ.... မတော်လို့ အဲ့ဒီရေကွက်ထဲ မာမီသာလျှော်လဲကြည့်ပါလား....တော်ပြီ တော်ပြီ ဘာမှလာမပြောနဲ့ ။"ခေါင်းမာစွာနဲ့ ငယ့်ကိုရေပြန်သုတ်ခိုင်းနေသည့် မမနေခြည့်ကြောင့်နဲ့ ငယ် သူ့ဆီကိုကြည့်လိုက်မိသညိ။ ထိုအချိန်မှာပဲ သူက ငယ့်အကြည့်တွေကို နားလည်နေသည့်အလားပဲ အနီးမှာရှိနေသည့် ကြမ်းတိုက်၀တ်တစ်ခုကို လှမ်းယူပြီး....
"ငါတော့ ကူပေးလို့ ရတယ်မလာနေခြည်" ဟု သူ့အမကို မေးသည်။
"အသက် အသက်လည်း ကူပေးမယ်။"
မယောင်မလည်နဲ့ အသက်ကပါ လာထိုင်ပြီး ရောကူသုတ်ပေးတော့ ခပ်မြန်််််မြန် နဲ့ပဲ ကြမ်းတုက်ခြင်းအလုပ်က ပြီးဆုံးခဲ့သည်။ ကြမ်းပြင်ကို ရေသုတ်ပြီးတော့ ငယ်ကို သူကရေချိုးဖို့ပြောသည်ကြောင့် ငယ်ခပ်ခပ်မြန်မြန်ပဲ ရေချိုးခဲ့လိုက်တာဖြစ်သည်။
YOU ARE READING
အချစ်ဦး (Completed)
Extra (1)
Start from the beginning