"ပါပါး စိတ်ပျော်ရင်မာမားကို သူများတွေခေါ် သလိုမျိုး ငယ်ဆိုပြီးတိုးတိုးလေးခေါ် တတ်တယ်။"

သမီးရဲ့ဆံပင်တွေကိုသပ်ချပေးနေရင်းမှ သားဆီက ထိုစကား‌ကြောင့်နဲ့ သူ့မျက်လုံးတွေက ပြူးကျယ်ကာသွားရတော့သည်။

"ဟုတ်လား ပါပါး...။"

"အမ်... "

"မာမားကို ငယ်လို့ခေါ်ရင်အဆင်ပြေတာပဲ နော် တိမ်ရောင်....။ ကျောင်းရောက်ရင် ပြန်ပြောလိုက်တော့"

ကြယ်ရောင့်စကားကြောင့်နဲ့ သူ့မှာ ပြာလောင်တွေခေတ်နေရသည့်ကြားကနေပဲ..
" ဘာ ဘာကိုပြောမှာလဲ သမီး" ဟု အလျင်စလိုမေးဖြစ်လိုက်သေးသည်။

"မာမားကို ပါပါးက ငယ်လို့ခေါ် တဲ့အကြောင်းပေါ့...။"

"ဒါမယ့် ဒါကလူတွေရှေ့မှာ မခေါ် တော့ ပြောရတာအဆင်မပြေလောက်ဘူး..."

ဒီလောက်ဆို သူသဘောပေါက်လိုက်ပြီ။ ဒီသားက ဘယ်အချိန်က ကြားလိုက်မှန်းမသိတဲ့ ဒီအခေါ်အဝေါ်နဲ့ သူ့အား ‌ဆေးထိုးနေပြီဖြစ်သည်။ ဒါကြောင့်ပဲ သူက အလိုက်သိစွာနဲ့ပင်...
"သားလိုချင်နေတဲ့ ဘောလုံးအင်္ကျီကို ပါးမှာထားပြီးပါပြီနော်။ စကားတွေအရမ်းမများပါနဲ့...ok?"

"OK OK, thank youနော်  ပါး..."

လိုချင်တာကို ရတော့မည်ဆိုတော့ သားက သူ့
အနားသို့လျှောက်လာပြီး ပါးပြင်ကိုခပ်ဖွဖွနဲ့ ခပ်မြန်မြန်အနမ်းပေးတော့သည်။ထိုအချိန်မှာပဲ  သားကို အတင်းဆွဲဖက်လိုက်ရင်း သမီးတွေမကြားနိုင်လောက်အောင် လေသံနိမ့်လိုက်ကာ...
"သား ကြားတာတွေက အမှန်မဟုတ်ဘူးကွ။" ဟု မှင်သေသေနဲ့ငြင်းဆန်လိုက်သည်။

"ဘာတွေပြောနေကြတာလဲ....ခဏ ခဏ။" ရုတ်တရပ် ၀င်‌‌ရောက်လာသော လျှပ်ပြေးတစ်ခုနှင့်အတူ ‌အပြေး၀င်လာတဲ့ သမီးငယ်ဟာ သားကိုအသာအယာတွန်းဖယ်ပြီး သူ့ရင်ခွင်ထဲကို တန်းမတ်စွာ၀င်ရောက်လာလေသည်။

" မား...." အလိုမကျစွာနဲ့ သူမအားခေါ် လာသည့် ပေါက်စိညှောင့်တောက်လေး သွန်းဖြိုးကို သူ့ရင်ခွင်ထဲအတင်းတွယ်ကပ်ဖက်ထားရင်းကပဲ "မား မိုးမိလာလို့ အရမ်းချမ်းနေတာ။ ခဏပဲ ပါပါးကိုဖက်ထားမယ် တကယ်ခဏပဲ...."

အချစ်ဦး (Completed)Where stories live. Discover now