'စားပွဲပေါ်ကဓာတ်ပုံ'

Start from the beginning
                                    

'ခြယ် ဒီပန်းချီကားလေးကိုခြယ့်အတွက်လက်ဆောင်ပေးတာ။သိပ်လဲမကြီးလို့ယူနော်'

'ဆိုင်မှာတုန်းကလဲလက်ဆောင်ဆိုပြီးပေးသေးတယ်။ခနခနမပေးပါနဲ့ဂန်ဟန်ရယ် ခြယ်အလုပ်လာလုပ်ခါမှဂန်ဟန်အတွက်ဝန်ပိုသလိုဖြစ်တယ်'

'မဟုတ်ပါဘူး။အိမ်နဲ့ဆိုင်မှာထားဖို့အတွက်အပင်ပန်းခံပြီးအပင်တွေလိုက်ရွေးပေးထားလို့ပြန်ပေးတယ်လို့သဘောထားပါ'

'အင်းပါ နောက်ဆိုလျှောက်မဝယ်နဲ့နော်'

နားလည်သလိုနှင့်ခေါင်းကိုညိတ်ပြလိုက်ရသည်။

နှစ်ယောက်အတူအိမ်သို့ပြန်ခဲ့ကြသည်။'ခြယ်'ကလမ်းထိပ်ကမန်ကျည်းပင်အောက်ရောင်းသည့်မုန့်လက်ကောက်ကြော်ကိုစားချင်သည်ပြောသဖြင့် ဝင်ဝယ်ဖြစ်ကြသေးသည်။

'ခြယ့်'အိမ်သို့အရောက် သူမလိမ္မော်ရောင်အိတ်လေးထဲကနေဖုန်းvibrateမြည်သံကိုကြားရသည်။

ပိုက်ဆံအိတ်ကိုဖွင့်ကြည့်ပြီးနောက်maskတပ်ထားသည့်သူမမျက်ဝန်းများအထက်ကမျက်ခုံးများသည်အနည်းငယ်တွန့်သွားသယောင်။စိတ်မရှည်စွာနှင့်ဖုန်းကိုပြန်ထည့်လိုက်သည်။

ကားနောက်ထဲကပန်းချီကားချပ်လေးကိုထုတ်ပြီး'မိုးနှောင်း အပေါ်လိုက်ဦးမလား။ခြယ်ကော်ဖီဖျော်တိုက်မယ်လေ'

ခြယ်သာခေါ်လျှင်နှစ်ခါငြင်းစရာမလို။အပေါ်သို့လိုက်တက်ခဲ့သည်။

အိမ်အပေါ်ထပ်အရောက်'ခြယ့်'တံခါးဝတွင်ရပ်စောင့်နေဟန်တူသောအမျိုးသမီးတစ်ဦးရပ်နေသည်ကိုလှေကားနောက်ဆုံးထပ်မရောက်သေးချိန်မှာမြင်တွေ့ရသည်။ထိုအမျိုးသမီးသည်အပြာနုရောင်ဝမ်းဆက်ကိုသပ်သပ်ရပ်ရပ်ဝတ်ဆင်ထားကာ ရင်ဘတ်တွင်လည်းပတ္တမြားရင်ထိုးတစ်ခုကိုထိုးထားသည်။ကတ္တီပါထ
ဖိနပ်အပါးကိုစီးထားပြီး လက်တစ်ဖက်ကဖုန်းကိုကိုင်ထားသည်။သူမက'ခြယ့်'ကိုမြင်လိုက်သည်နှင့်ဒီဘက်သို့လျှောက်လာကာ 'ခြယ်ညကအိမ်မက်ဆိုးမက်တယ်ဆို။အိပ်မပျော်တာသုံးလေးရက်ရှိပြီဆိုပြီး mydayတင်ထားတာတွေ့လို့ကိုယ်စိတ်ပူလို့လာခဲ့တာ'။တစ်နေရာရာမှာမြင်ဖူးသလိုရှိနေသောကြောင့်သေချာပြန်တွေးကြည့်ကာမှ ကားထဲတွင်ခြယ်နှင့်အတူရှိခဲ့သောအမျိုးသမီးမှန်းသတိရသွားသည်။တစ်ခါကplutoကိုမေကြီးဆီမှခေါ်လာသည့်နေ့တုန်းက အိမ်တွင်အစာနှင့်pet accessoriesများမရှိသောကြောင့် လမ်းထဲကpet clinicမှာဝင်ဝယ်ခဲ့သည်ကိုပါသတိရသွားတော့မှတ်မိလာသည်။ထိုအမျိုးသမီးသည်plutoဆေးခန်းထဲတွင်ဟောင်နေသဖြင့်အခန်းထဲမှထွက်လာကာချော့ပေးခဲ့သည့် ဆရာဝန်ဖြစ်သည်။
ဦးနှောက်တွင်အသိဉာဏ်တို့အလုပ်လုပ်လာသည်နှင့်တစ်ပြိုင်နက် ရင်ဘတ်ထဲတွင်ဘာမှန်းမသိသောခံစားမှု၊စိုးရိမ်မှုတို့ကကြီးစိုးလာသည်။

"ခြယ်"Where stories live. Discover now