"KimDoyoung!!!! "

နောက်ကဟိန်းခနဲ ထွက်လာတဲ့ အစ်ကို့အသံကြောင့် ဒို​ယောင်း ဂျောင်ဝူးကျောပေါ်ကလက်တွေကို အမြန်ဖယ်လိုက်ရသည်။

"ဟုတ် အစ်ကို..''

"မင်းဘာလုပ်နေတာလဲ ဒီမှာ ''

အကြည့်စူးစူးတွေနဲ့မာကျောလှတဲ့အသံ ဘာလို့ ဂျောင်ဝူးနဲ့ပတ်သတ်ရင် ဒီလောက်ထိမကြိုက်ရတာလဲ

"ဟို..ဟို ရေဆော့နေတာ ''

"အထဲသွားတော့''

"ဟုတ်..''

Doyoung မျက်နှာငယ်လေးနဲ့ပဲ အထဲဝင်သွားလိုက်သည်။ အစ်ကိုနဲ့ ဂျောင်ဝူး နှစ်ယောက်ထဲ ထားခဲ့ရတော့ စိတ်တော့မအေး။ နှစ်ယောက်ကြားမကျေနပ်စရာအကြောင်းတစ်ခုခုရှိနေလို့လား?

"ParkJeongWoo ဘာကိစ္စလဲ.. ''

ဂျောင်ဝူးက ပုခုံးပင့်ပြရင်းပဲ

"ပျင်းလို့''

"အဲ့လောက်အချိန်အားနေရင် နိုင်ငံခြားကိုပြန်လေ''

"Seoul မှာစိတ်ဝင်စရာအကြောင်းလေးတွေရှိလို့ မပြန်ချင်ပါဘူးဟက်''

"ဘာပဲ ဖြစ်ဖြစ် အေးဆေးနေရင်ကောင်းမယ်ထင်တယ် ''

"Hyung က သတိပေးတာတွေများနေလို့ထင်တယ် ကျွန်တော့်အချို့အရာတွေတောင်မေ့ပြီး Doyoung ကိုပြောမိတော့မလို့ ''

"ဘာ! !''

Jihoon တင်းပြီးသားလက်သီးလေးကို ပိုမိုတင်းကြပ်စွာဆုပ်လိုက်သည်။

"အင်း ပြန်ပြောပြပါလား ဘာတွေသတိထားရမလဲဆိုတာ ''

ရွဲ့တဲ့လေသံ ParkJihoon တို့ ကိုယ်ကသာအရွဲ့တိုက်မယ် ကိုယ့်ကိုလာအရွဲ့တိုက်ရင် သည်းခံနေနိုင်လောက်တဲ့ထိ မပြောင်းလဲသေး။

အားနဲ့အတူ ထိုးချလိုက်သည်မှာ လက်သီးပင် နီသွား၏။ ထိုးခံလိုက်ရတဲ့ တဖက်လူအဖို့ ဘယ်လောက်ပင်ခံရမည်လဲ။

ခွပ်!!!!!

အရှိန်နဲ့အတူ ကမ်းစပ်နားမှာထိုင်နေတဲ့ ဂျောင်ဝူး ကိုယ်လေး ရေကန်ထဲ ဗွမ်းခနဲ့ ကျသွားလေသည်။

"ဂျောင်ဝူး... ''

နောက်ကပြေးထွက်လာသော ဒို​ယောင်းကြောင့် Jihoon နားမလည်ဟန်

Game Over [Completed]Donde viven las historias. Descúbrelo ahora